part7

679 47 2
                                    

Zawgyi

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ဆောင်းဦးလေ‌ပြေတို့က ခပ်မြင့်မြင့်စည်းနှောင်ထားသော ဆံနွယ်ရှည်ရှည်တို့ကို ဝေ့ဝဲသွားအောင်တိုက်ခတ်နေ၏

အမျိုးသားလေးတယောက်သည် လေနှင့်အတူယိမ်းနွဲ့လျက်ရှိသော
ဝါးပင်များနှင့်အပြိုင် ဘယ်ညာယိမ်းလျက် ငွေရောင်တဖျက်ဖျက်တောက်ပနေသော ဓားရှည်နှင့်အတူ သိုင်းကစားနေ၏ ပန်းပွားသည်လည်းဓားရိုးနှင့်အတူ လွင့်လူး‌နေသည်

[ပန်းပွား=အလှတပ်တဲ့ဓားမြိတ်ပါ]

(ကဗျာရွတ်ခြင်း)
*ဓားကိုင်ကာမိုးကိုးထပ်၌ လှည့်လည်၊ ကျယ်ပြောလှသည့်အတွက်
သွားပြီးပြန်မလာတော့ပေ*
*တိမ်တိုက်အတွင်း၌ တေးသီချင်းဆိုကာ အိုးပေါင်းသုံးသောင်းအား အရူးအမူးသောက်လိုက်ပါဘိ*
*လစန္ဒာဟာ ငါ၏ဝတ်ရုံပေါ်၌ဖြန့်ကျက်လာလျက်၊နတ်သမီး၏လှပ‌သောအဆင်းအား ပိုင်ဆိုင်သွားပေဘိ*
*နတ်သမီးဟာ အဘယ်သို့သွားချင်ပါဘိ၊ဖိန်လိုင်နတ်ပြည်အားညွှန်ပြလိုက်၏*[1]

လူငယ်လေးတယောက်ဟာ ကဗျာကိုရွတ်လျက်ဓားနှင့်လူသည်တစ်သားတည်းကဲ့သို့ ဝါးရုံပင်တို့အောက်၌ ဘယ်ညာယိမ်းထိုးလို့ ဓားကွက်၊ခုတ်ချက်တို့သည် လောက၌အလှပဆုံးသော ကခြေသည်လေးကနေသကဲ့သို့

ဒီဓားတချက်ကို ပြိုင်ဘက်ကင်းလို့ခေါ်လို့ရတယ်
ပြိုင်ဘက်ကင်းဆိုတာဘာလဲ မိုးပေါ် နဲ့မြေအောက်(တလောကလုံး) မှာမနက်ဖြန်ကိုကျော်လွန်သွားခဲ့ရင်
ဒီဓားဆိုတာနောက်ထပ်မရှိတော့ဘူး ဒီလူဆိုတာ နောက်ထပ်မရှိတော့ဘူး
ရှိခဲ့ရင်အဲ့မျိုးရိုးက ရှောင်း ပဲဖြစ်ရမယ်[2]

ရှောင်းကျန့် ဆရာသခင်၏ သင်ကြားပြသခဲ့သော စကားများကို‌အောက်မေ့လျက် မိမိ၏ အထီးကျန်မှုအား ဖြေဖျောက်နေမိ၏

သူဓားကစားခြင်းရပ်လိုက်သည်နှင့် အနောက်မှ ဟုန်ပြည့်ရှင်၏
စကားသံကထွက်လာ၏
"လှလိုက်တာ ကိုယ်တော်ရဲ့ဘဝ‌တလျှောက်လုံးမှာ ဒီလောက်လှပတဲ့ဓားကစားခြင်းကိုတခါမှမမြင်တွေ့ ဖူးဘူး
ရင်သပ်ရှုမောလောက်စရာပါပဲ"

ဝမ်ရိပေါ် အကြင်သူလေးဓားစ ကစားပြီးအတော်ကြာမှ သူရောက်လာတာပင်
*ကျန်းဟူ*[3]‌လောကရဲ့ နက်နဲလှတဲ့ သိုင်းပညာတွေကို သူကြားဖူးသလို သိပြီးသားဖြစ်ပေမယ့် ဒီလောက်လှပပြီးအသက်ရှု
မှားလောက်တဲ့ ဓားကွက်ကို သူမမြင်ဖူးခဲ့သလို ကျန်းဟူတခွင်တုန်လှုပ်စေလောက်တဲ့ ဓားကွက်ပဲ

🍁ချစ်မိဖုရား🍁Where stories live. Discover now