Part-1

641 38 3
                                    

Unicode

💔တကယ်ချစ်လို့ရူးခဲ့သည်💔

Part-1

" လွှတ် ငါ့ကိုလွှတ်ပေး "

စိတ္တဇဆေးရုံက အခန်းငယ်တစ်ခုမှာ ဝန်ထမ်းတွေ၅ယောက်လောက် ဝိုင်းချုပ်ထားကြပေမဲ့ထိုလူကအားသန်တာမို့ ဘယ်လိုမှချုပ်လို့မရဖြစ်နေပါတော့တယ်။

မကြာခင်မှာ ဆရာဝန်တွေရောက်ချလာပြီး စိတ်ငြိမ်ဆေးထိုးလိုက်ခါမှ ငြိမ်သက်သွားတော့သည်။

" လွှတ်ပေးကြပါ ငါ့ရဲ့Gulfဆီသွားရမယ် "

အသံတိုးညင်းစွာ ထွက်ပေါ်လာတဲ့ အခန်းငယ်ရဲ့အပြင်ဘက်မှာတော့ ဒေါ်ယုမေနှင့် Lhongတို့ကတော့ စိတ်မကောင်းကြီးစွာဖြင့် ရပ်ကြည့်နေရုံမှတစ်ပါးဘာမှမတတ်နိုင်ကြပေ။

လွန်ခဲ့သော ၄နှစ်ခန့်က....

ငယ်စဥ်တည်းက နှလုံးရောဂါသမားမို့Gulfအ
ပြင်သို့မထွက်ရဘဲ အမြဲလိုလိုအိမ်တွင်းပုန်းနေခဲ့ရပါတယ်။

ဖော၊မဲ့တို့ရဲ့ အလိုလိုက်မိမှုကိုရထားတဲ့Gulf
လိမ္မာရေးခြားရှိတာမို့ မိဘတွေကလည်းစိတ်အေးလက်အေးနေနိုင်ခဲ့တယ်လေ။

" သားလေးရေ မဲ့တို့ ......မှာဖိတ်ထားလို့သွားရမယ် ညဘက်လောက်မှပြန်ရောက်မယ် "

" ဟုတ်ကဲ့ မဲ့ သွားလေ "

" ဒီနေ့ စာသင်ဖို့ရောရှိသလား "

" ဟင့်အင်း မရှိဘူး မဲ့ "

" ဒါဆို မဲ့စိတ်ချမယ်နော် သားလေးအပြင်ကိုသွားမယ်စိတ်မကူးနဲ့ "

" သွားစရာလား မဲ့ကလည်း "

Gulfတစ်ချိန်ချိန်ကျရင်တော့ အပြင်ဘက်လောကကြီးကို စူးစမ်းလေ့လာချင်မိတယ်။

" မဲ့ ယုံပါတယ် သားလေးရယ် "

" မေကြီးရေ သွားမယ်လေကွာ မြန်မြန်လာ "

ဒေါ်သွယ်သွယ်တစ်ယောက် သားဖြစ်သူကိုမှာတမ်းခြွေနေတာကြာလို့ ခြံထဲမှာစောင့်နေတဲ့ Gulfအဖေက လှမ်းခေါ်နေပါတော့သည်။

" မဲ့ ကြာလို့ ဖောကလှမ်းခေါ်နေပေါ့ "

" ဟုတ်ပ ကဲ မဲ့ သွားတော့မယ်နော် "

💔တကယ်ချစ်လို့ ရူးခဲ့သည်💔Unicode/Zawgyi (Complete) Where stories live. Discover now