Extra

364 16 1
                                        

Unicode

💔တကယ်ချစ်လို့ရူးခဲ့သည်💔

Extra

၃နှစ်ခန့်ကြာသော်

ကိုကိုနဲ့အတူ ခက်ခက်ခဲခဲအချိန်တွေကျော်လွန်ပြီးသွားတဲ့အချိန်မှာတော့ ဒိုင်ယာရီစာအုပ်လေးထဲက အရာတွေတော်တော်များများလုပ်ပြီးခဲ့ပြီလေ မလုပ်ရသေးတာနှစ်ခုပဲရှိပါတော့တယ်။

အဲ့ဒါကတော့ အငှားကိုယ်ဝန်ဆောင်မဲ့ကိစ္စရယ် ပုစိလေးနဲ့အတူတူဓာတ်ပုံရိုက်ဖို့ကိစ္စပေါ့...

" ဘာတွေးနေတာလဲ ကလေး "

Mewအိပ်ခန်းထဲဝင်လာတော့Gulfကနေကြာ
ပန်းခင်းကြီးရိုက်ထားတဲ့ဓာတ်ပုံဘောင်လေးကိုကိုင်ကာရပ်နေတာကိုမြင်လိုက်ရတော့ သိချင်စိတ်ကြောင့်မေးကြည့်လိုက်တဲ့အခါ...

" ကိုကို ကတိလည်းမတည်ဘူး "

" ဟမ် !!! "

နှုတ်ခမ်းထော်ကာ ပြောလာတဲ့Gulfကိုကြောင်ပြီးကြည့်ကာ အာမေဍိတ်သံလေးထွက်သွားလေသည်။

" ဟုတ်တယ်လေ ကျွန်တော့်အနားအချိန်ပေးပြီးနေမယ်ဆိုပြီးနေလည်းမနေဘူး ပြီးတော့... "

" ..... "

Gulfစိတ်မကြည်တဲ့အခါဆိုရင် သူရေးခဲ့တဲ့ဒိုင်ယာရီစာအုပ်ထဲကအကြောင်းအရာတို့ိကိုပြန်ပြောကာစိတ်ကောက်တတ်ပါတယ်။

" ပုစိလေးယူမယ်ပြောထားသေးတာကို အခုချိန်ထိတုတ်တုတ်မလှုပ်ဘူး "

" ဟောဗျာ...ကိုယ့်ကလေးလေး အေးဆေးနားရအောင်ကျန်းမာရေးကောင်းအောင်စောင့်နေတာပါကွာ ကိုယ်ကလေ ကလေးနဲ့တူတဲ့
ပုစိကိုလိုချင်တာပေါ့ကွာ "

သူပြောပြတဲ့မကျေနပ်တွေကို ကိုကို သူ့မေး
စေ့လေးကိုကိုင်ကာ တစ်ယုတယရှင်းပြလာပါတော့တယ်။

" ဒီနှစ်တွေမှာ ကလေးနဲ့အတူတူ ဆွစ်ဇာလန်ရော၊ဂျပန်ရောသွားပြီးကြပြီမဟုတ်လား "

" ဒါတော့ဒါပေါ့လို့ ကိုကိုက ကျွန်တော့်ကိုချစ်ရောချစ်သေးရဲ့လားမသိတော့ပါဘူး "

" ကလေး ကိုယ့်အသက်ထက်ပိုချစ်တယ်ဆိုတာ ကလေး မေ့နေတာလား ကိုယ့်ကိုမချစ်တော့ဘူးလို့သံသယဝင်နေတာလား "

💔တကယ်ချစ်လို့ ရူးခဲ့သည်💔Unicode/Zawgyi (Complete) Where stories live. Discover now