Part-2

373 32 1
                                    

Unicode

💔တကယ်ချစ်လို့ရူးခဲ့သည်💔

Part-2

Ring...Ring....

ညဘက်၁၀နာရီလောက်မှာ ဖုန်းဝင်လာတာမို့သူလည်း အိပ်ချင်မူးတူးဖြင့်ကောက်ကိုင်လိုက်ရာ....

" Gulf...ကိုယ်ပါ "

ဟင်!!!

ဖုန်းကချက်ချင်းကြီးခေါ်လာမယ်မထင်တာမို့သူလည်းအတော်အံ့ဩနေမိပါတော့သည်။မဲ့တို့မသိအောင်ခိုးလုပ်ရတဲ့ခံစားချက်တို့ကိုလည်ခံစားဖူးချင်တာကြောင့် ဖုန်းလက်ခံစကားပြောဖို့ဖြစ်လာပါတော့သည်။

" အရမ်းအံ့ဩသွားလား ကိုယ် ဖုန်းဆက်ရင်
ကောင်းပါ့မလားဆိုပြီး တွေဝေနေတာ ကိုယ်
မနေနိုင်လို့ဖုန်းခေါ်လိုက်တာ "

" ဟုတ် P'Mew အိမ်ပြန်ရောက်ပြီလား "

" ဟင့်အင်း မပြန်ရဘူး ကလပ်မှာပဲရှိသေးတယ်"

ကလပ်မှာရှိသေးတယ်ပြောခါမှ အနောက်ဘက်ကတီးလုံးသံတွေညံစီကာကြားလိုက်ရတော့သည်။

" ဟုတ် "

" ကိုယ်နဲ့မင်း သူငယ်ချင်းဖြစ်ခွင့်ရှိတယ်မလား "

" ရပါတယ်ဗျ "

" ကိုယ့်အသက် ၃၁နှစ် တစ်ဦးတည်းသောသား သူငယ်ချင်းနဲ့စတူဒီယိုတစ်ခုထောင်
ထားတယ် ပြီးတော့ မာမီ့ကုမ္ပဏီမှာလည်း CEOရာထူးနဲ့အလုပ်လုပ်နေတယ် "

" ........ "

" ကိုယ့်မာမီနဲ့ဒယ်ဒီက ကွဲနေကြတာ ကိုယ်
၈နှစ်သားလောက်ထဲကပဲ ဒါကိုယ့်အကြောင်းအစုံပဲ "

သူ့ကိုဘာကြောင့် အိမ်တွင်းရေးတွေကအစ
ပြောပြနေသလဲဆိုတာကို Gulfမသိတော့ပေ။

" ကိုယ့်အကြောင်းပြီးပြီဆိုတော​့ Gulf
အကြောင်း ကိုယ့်ကိုပြောပြနိုင်မလား "

" ကျွန်တော့်အကြောင်းကတော​့ ထွေထွေထူး
ထူး မဟုတ်ပါဘူး ကျွန်တော်ကတစ်ဦးတည်းသော သား အသက်က၂၅နှစ် ကျောင်းပြီးထဲကအပြင်အလုပ်ကို မဲ့နဲ့ဖောက မလုပ်စေချင်ဘူး အဲ့တော့ကျွန်တော်လည်းအိမ်ကမထွက်ရတော့ အိမ်နားက ကလေးတွေကိုစာသင်ပေးတဲ့အလုပ်ကိုလုပ်ခွင့်ရခဲ့တယ် "

💔တကယ်ချစ်လို့ ရူးခဲ့သည်💔Unicode/Zawgyi (Complete) Where stories live. Discover now