Part-14

542 46 3
                                    

Unicode

💔တကယ်ချစ်လို့ရူးခဲ့သည်💔

Part-14

ပန်းခြံမှာရင်ဖွင့်ပြီးနောက်ပိုင်း P'Mewကသူရှိတဲ့ဟိုတယ်ကိုလာလည်သလို အပြင်ကိုသွားဖို့ကိုလည်း လာလာခေါ်တတ်ပါတယ်။

" P'Mew ဒါ....P'Sam "

" အော်...တွေ့ရတာဝမ်းသာပါတယ် အရင်က
ကျွန်တော်လက်လွန်မိတာတွေအတွက် ဆော်ရီးပါဗျာ "

ဟိုတယ်ဧည့်တွေ့ခန်းထိ P'Samကလိုက်ပို့ပေးတာကြောင့် P'Mewကို​ကြောက်ကြောက်နဲ့မိတ်ဆက်ပေးလိုက်ပေမဲ့ သူထင်သလိုဝုန်းဒိုင်းမကြဲပဲ အေးဆေးပြန်မိတ်ဆက်တာမို့ Gulfစိတ်ထဲ၌ကျေနပ်သွားပါတော့သည်။

" ရပါတယ် မလိုပါဘူးဗျာ ကျွန်တော့်ညီလေးစိတ်ချမ်းသာရင်ပြီးတာပါပဲ "

" ဟုတ်ကဲ့ Gulfကို ကျွန်တော် ညနေလောက်မှပြန်ပို့ပေးမယ်နော် မာမီကလည်းတွေ့ချင်နေတယ်ပြောလို့ ခေါ်သွားချင်လို့ပါ "

" ရပါတယ်ဗျာ ကျွန်တော့်ကို ခွင့်တောင်းစရာမလိုပါဘူး "

P'Samနဲ့စကားကောင်းနေတဲ့P'MewကိုGulf
ဘေးတိုက်ကြည့်နေမိတယ်။အရေခွံချွတ်လိုက်သလိုမျိုး ပြောင်းလဲမှုကြီးကိုGulf
အံ့ဩနေပါတော့သည်။

" ဟုတ်ကဲ့ပါဗျာ ဒါဆိုကျွန်တော်တို့သွားတော့မယ်နော် "

" ဟုတ်ကဲ့ "

Samကိုနှုတ်ဆက်ပြီးနောက် Mewလည်း
Gulfနဲ့အတူတူ ကားပါကင်ဘက်သို့ထွက်လာလိုက်ပါတော့သည်။

တီ....တီ....

ကားပါကင်ကိုရောက်ချိန် လိုင်းပေါ်ကခေါ်နေတဲ့Skyကြောင့်နားကြပ်တပ်ကာ ပြန်ဖြေဖို့
Mewလုပ်လိုက်ပါတော့သည်။

" Gulf အရင်ဝင် "

P'Mewကသူ့အားကားထဲသို့ဝင်စေပြီး ကိုယ်
တိုင်ကဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေတာကိုမြင်လိုက်ရပါတော့သည်။

" Sky ကိုကို့ကို လွမ်းနေတာလား "

" ....... "

" ဟုတ်ပါပြီကွာ ကိုကို လာလည်တဲ့အခါကျ
မုန့်တွေကျွေးမှာလားပြော "

P'Mewတစ်ယောက် ကားမမောင်းသေးပဲဖုန်း
ပြောနေတာမို့ Gulfနှုတ်ခမ်းစူချင်ချင်ဖြစ်နေမိပါတော့သည်။

💔တကယ်ချစ်လို့ ရူးခဲ့သည်💔Unicode/Zawgyi (Complete) Where stories live. Discover now