Unicode
💔တကယ်ချစ်လို့ရူးခဲ့သည်💔
Part-9
Mewတစ်ယောက် နဒီ့အိမ်ကပြန်လာပြီးကားကိုဒုန်းဆိုင်းမောင်းနှင်လာလိုက်တာ နာရီဝက်နဲ့ကိုရောက်အောင်ပြန်လာခဲ့ပါတော့တယ်။
တီ....တီ...
" ဟင်....P'Mew လာပြီ "
ထိုင်ခုံလေးမှာထိုင်ရင်း ကားဟွန်းသံကြောင့်ပြန်လာပြီဆိုတာကိုအတပ်သိလိုက်ပါတော့တယ်။
" Gulf ကလေး ဘာလုပ်နေတာလဲ မှောင်နေပြီလေကွာ "
Mew ကားပေါ်ကဆင်းဆင်းခြင်းGulfကိုတွေ့လိုက်ရတော့ စိတ်ပူကာမေးလိုက်ပါတော့တယ်။
" P'Mew နောက်ကျလိုက်တာ ကျွန်တော်
စောင့်နေတာကြာပြီ "
နဒီ့ကိုဆေးခန်းလိုက်ပို့ အိမ်ကိုဝင်ပို့တာမို့ပုံ
မှန်ရောက်နေကြအချိန်ထက် တစ်နာရီကျော်
လောက်နောက်ကျတော့ Gulfကမေးလာတော့Mewဖြေရခက်သွားမိတော့သည်။
" ကိုယ် လက်မှတ်ထိုးစရာပုံနေတာနဲ့... "
" နောက်ကျသွားတယ်ဆိုပါတော့ ဒါကိုဖြေဖို့ဘာလို့တွန့်ဆုတ်နေသလဲ P'Mewကတော့လေ လာထမင်းစားရအောင် ကျွန်တော်ဗိုက်ဆာနေပြီ "
" တွန့်ဆုတ်စရာလားကွာ ဘာလို့ညစာမစားရသေးတာလဲ ကိုယ်ဒီထက်ပိုနောက်ကျရင်ဘယ်လိုလုပ်မလဲ "
" ကဲကြည့် ဒေါသသံတွေပါလာပြန်ပြီ ကျွန်
တော်ကနှစ်ယောက်လက်ဆုံစားချင်လို့လေ ဝမ်းချင်းမဆုံတာကိုသိပါတယ် ဒါပေမဲ့ စောင့်ချင်လို့ကိုစောင့်တယ် ဘာဖြစ်လဲ "
P'Mewရဲ့အလိုမကျတဲ့အသံပါလာတော့
Gulfလဲပြုံးစိစိဖြင့်ပြန်နောက်လိုက်ပါတော့တယ်။
" ကိုယ့်ကိုဒေါသမထွက်သေချင်ရင် Gulf
ဘက်ကဆင်ခြင်ရမယ်မဟုတ်လား နောက်
ကိုယ့်ကိုမစောင့်ဘဲထမင်းစားနှင့် ကြားလား "
" ဟင့်အင်း....မကြားဘူး...မကြားဘူး P'Mew
က ကျွန်တော့်မချစ်တော့လို့အဲ့လိုပြောတာလား "
" မဟုတ်တာကွာ ကျစ်....ကဲလာလာထမင်းသွားစားကြမယ် "
အဂျစ်လေးကောက်တော့မယ်ဆိုတာရိပ်မိလိုက်တော့ Mewလည်းခပ်မြန်မြန်ပင် Gulf
ကိုပွေ့ချီကာအိမ်ထဲသို့ဝင်လိုက်ပါတော့တယ်။
