Unicode
💔တကယ်ချစ်လို့ရူးခဲ့သည်💔
Part-6
" P'Mew!!! "
အခန်းတံခါးဝက သူ့ကိုစိုက်ကြည့်နေတဲ့
P'Mewကိုတွေ့လိုက်ရပါတော့သည်။မျက်
ဝန်းတွေမှာလည်း အရည်တွေကြည်လဲ့နေတာကိုမြင်ရပါတော့တယ်။သူလည်း ပြုံးနေလား မျက်ရည်တွေကျနေမိလားဆိုတာကို မသိ
တော့ပေ။Gulf ပြုံးနေတယ် အဟင်း...ကိုယ့်ကိုပြုံးပြနေတယ် အဟား...ကိုယ် စောင့်ရကျိုးနပ်ပြီထင်ပါရဲ့ကွာ...
Mewလည်း တောင့်တောင့်ကြီးရပ်နေမိရာကနေအသိပြန်ဝင်လာကာ တံခါးကိုနောက်
ပြန်ပိတ်ပြီးGulfအနားသို့ပြေးကာသွားလိုက်
ပါတော့သည်။" Gulf ကိုယ်...အရမ်းလွမ်းနေခဲ့တာ "
Mewပြောလည်းပြော Gulfရဲ့ကိုယ်လုံးလေးကိုရင်ခွင်ထဲမှာကြပ်နေအောင်ဖက်ထားလိုက်
ပါတော့သည်။" ကိုယ် အချိန်တိုင်း နေ့တိုင်းလွမ်းနေခဲ့တာ Gulfရော ကိုယ့်ကိုလွမ်းေနရဲ့လား "
Gulfသူ့ကိုဖက်တော့ရင်ခွင်ထဲရောက်သွားပေမဲ့ပြန်ဖက်ဖို့ကို မဝံ့မရဲဖြစ်မိတယ်။သူဝန်ခံလိုက်ရင် ချစ်သူတွေဖြစ်မယ်ဆိုတာကိုသိတယ်။မျိုသိပ်နေရတဲ့ဘဝက သိပ်ကိုခက်လွန်းတယ်ဗျာ။
" ကိုယ်လေ....အိမ်ကိုပြန်မလာချင်ဘူးပြောမှာကိုသိပ်ကြောက်ခဲ့တာ ဘာလို့ပြန်ရောက်နေတာမပြောတာလဲ ကိုယ်အတတ်နိုင်ဆုံးအလုပ်တွေဖြတ်ခဲ့မှာပေါ့ကွာ Gulfပျင်းနေပြီလား "
Gulfဘက်ကငြိမ်သက်နေတော့ Mewလည်းဖက်ထားတာကိုပြန်ခွာရင်း မျက်နှာချင်းဆိုင်ပုံစံဖြင့်စကားဆိုနေမိတော့သည်။
" ဟင့်အင်း ပျင်းတော့မပျင်းပါဘူး ကျွန်တော့်
ကြောင့်အလုပ်ပျက်မှာစိုးလို့ မာမီ့ကိုမပြောဖို့မှာလိုက်တာ "" ကိုယ် Gulfအိမ်ကိုရောက်ခဲ့သေးတယ် မဲ့ကဘာပြောလိုက်တယ်ထင်လဲ "
ညာနေတဲ့ကောင်လေးမျက်ဝန်းထဲကအဖြေကိုသူလိုက်ရှာနေမိတယ်လေ။Mewရဲ့အပြောကိုစောင့်နေတာကိုမြင်လိုက်ရတော့
သည်။" ဘာပြောလို့လဲ "
" Gulfက ကိုယ်ပြန်သွားပြီးမကြာဘူး ပြန်တာတဲ့ ဟုတ်လား ဒါဆိုဘာလို့ကိုယ့်ကိုဖုန်းမခေါ်တာလဲဖုန်းခေါ်ရင် ကိုယ်စောင့်နေပေးမှာပေါ့ကွာ "
