Unicode
💔တကယ်ချစ်လို့ရူးခဲ့သည်💔
Part-3
Gulfကို သူ့အိမ်အကြောင်းကိုရင်ဖွင့်ပြီးနောက်ပိုင်းရင်းနှီးလာသလိုခံစားရလေသည်
သူ့အပေါ်Gulfကလည်း အရင်ကထက်ပိုပြီးရင်းနှီးစွာဆက်ခံလာပါတယ်။" P'Mew မအိပ်သေးဘူးလား "
" အင်း ကိုယ်အိပ်မပျော်လို့ မနက်ဖြန်ကျူရှင်ရှိလား "
Mew အခုနောက်ပိုင်း Gulfရဲ့အသံလေးကိုမကြားရရင် အိပ်မပျော်တဲ့လက္ခဏာရနေပြီမို့သူမအိပ်ခင်ဖုန်းခေါ်နေတဲ့တာဝန်တစ်ရပ်ထမ်းဆောင်နေရပေသည်။
" ရှိတယ် P'Mew လာမလို့လား "
" အင်း ကိုယ်လာချင်တယ် ရမလား "
" အလုပ်ရော အားလို့လား "
" Gulfနဲ့တွေ့ဖို့ဆို ကိုယ်အမြဲတမ်းအားတယ် "
" နောက်ပြီ P'Mewကတော့ "
ဟားးးးးးး
Gulfကိုမထိတထိလိုက်စရတာကို Mewပျော်နေမိတယ်။Gulfရှက်ဝဲဝဲအသံန့ဲသူ့ကိုပြန်ဖြေလိုက်ရင် ဘယ်ဖက်ရင်အုံထဲကအကောင်ပေါက်ခုန်ထွက်လာမဲ့အတိုင်း ရင်တွေအဆ
မတန်ခုန်နေပါတော့သည်။နေ့တစ်နေ့မှာ ဘယ်လောက်ပဲအလုပ်ရှုပ်နေပါ
စေ Gulfနဲ့ကိုယ်ပိုင်အချိန်လေးကိုတော့ Mew
မရရအောင်ဖန်တီးနေမိတော့သည်။ဒီအချစ်နွံကြီးထဲနစ်ဝင်သထက်နစ်ဝင်နေပါတော့တယ်" အစ်ကို့တူလေး ဘယ်လိုလဲ စာလိုက်နိုင်ရဲ့လား အမှန်ကိုသိချင်တယ် "
Samဆိုတဲ့ သူ့ကျူရှင်ဝိုင်းက ဘဲဥလို့ချစ်စနိုးခေါ်ခေါ်နေတဲ့ ကောင်လေးရဲ့ဦးလေးဖြစ်သူက တူရဲ့ပညာရေးကိုမေးလာပါတော့တယ်။
" P'Samရယ် ဘဲဥလေးကစာတော်ပါတယ် သူများတွေထက် ဉာဏ်ကောင်းတဲ့ကလေးမို့စိတ်ပူစရာမလိုပါဘူး "
" Gulfကို အစ်ကိုတို့မိသားစုကယုံလို့ပဲ ဘဲဥလေးကို Gulfဆီမှာအပ်တာပေါ့ "
" ကျေးဇူးတင်ပါတယ် ကျွန်တော့်ဘက်ကလည်းညီလေး ညီမလေးတွေလို သဘော
ထားလို့စိတ်ရှည်ရှည်နဲ့သင်ပေးနေတာ "" အစ်ကိုသိပါတယ် ကဲပါ အလုပ်ကိစ္စရှိသေးလို့ အစ်ကိုသွားတော့မယ် "