Part-16

416 33 4
                                    

Unicode

💔တကယ်ချစ်လို့ရူးခဲ့သည်💔

Part-16

" ကိုကို ကျွန်တော် မဲ့တို့ဆီသွားချင်တယ် "

Samကတော့ ဂျပန်ကိုအလုပ်ကိစ္စကြောင့်ပြန်
သွားပေမဲ့လည်း Gulfရက်ချိန်းမရောက်သေး
တာမို့ပြန်မလိုက်သေးပဲ P'Mewအနားကပ်ကာ အချိန်ဖြုန်းရန်နေခဲ့ပါတော့သည်။

" ကလေးတစ်​ယောက်ထဲ ဖြစ်ရဲ့လား "

" အင်း ဖြစ်တယ် မဲ့ အတွက်လက်ဆောင်လေးတွေလည်းပေးချင်တာကြောင့်ပါ "

" အိုကေ ကိုယ် ရုံးမသွားခင်ဝင်ပို့ပေးခဲ့မယ် "

" ဟုတ် ချစ်တယ် "

" သိပါတယ်ဗျား "

Gulfအရင်ကချွဲတာတွေမရှိပေမဲ့အခုနောက်
ပိုင်းP'Mewအပေါ်တွယ်တာလာမိသလို သူ့ကိုချစ်တဲ့လူအပေါ်ပိုပြီးသံယောဇဥ်ဖြစ်လာမိတော့သည်။

Mewကတော့ Gulfချွဲလေပိုကြိုက်လေပဲလေဒီလောက်အသည်းယားစရာလေးကို အလုံးသေးသေးလေးလုံးပြီး အိတ်ကပ်ထဲထည့်သိမ်းထားချင်လောက်အောင် စိတ်မချဖြစ်ရလေသည်။

ခရီးကပြန်ရောက်ပြီးထဲက Gulfကသူ့အိမ်မှာပဲလိုက်အိပ်နေခဲ့ပါတယ်။မာမီနဲ့ပဲနေချင်တယ်ဆိုတဲ့လူသားလေးကြောင့် Mewလ​ဲသူတို့အိမ်သီးသန့်ကိုမပြောင်းပဲ မာမီတို့နဲ့အတူတူနေလိုက်ကြပါတော့တယ်။နှလုံးအစားထိုးဖို့ကိစ္စကိုလည်းGulfမသိအောင်လုံးပမ်းနေတာမို့ ဘေးနားကပ်နေတဲ့ Gulfကို မဲ့တို့အိမ်သို့ဖို့ခွင့်ပြုလိုက်ရပေသည်။

" ကလေး ဖြစ်ရဲ့လား ကိုယ် အထဲထိပို့ပေးရဦးမလား "

ခြံရှေ့ကိုရောက်တော့ စိတ်လှုပ်ရှားနေတဲ့
Gulfရဲ့လက်လေးကိုဆုပ်ကိုင်လိုက်ကာ မေးလိုက်ပါတော့သည်။

" အင်း ဖြစ်ပါတယ် နည်းနည်းစိတ်လှုပ်ရှားနေရုံပဲ "

" အိုကေ စိတ်ကိုအေးအေးထား မဲ့တို့ကိုတောင်းပန်ဖို့လာတာမလား တကယ်တော့ကိုယ်ပါအတူလိုက်ဝင်ချင်တာ ကလေးကခွင့်မပြုလို့သာ "

Gulf လိုက်စေချင်တာပေါ့ မဲ့တို့အခြေအနေဘာမှန်းမသိသေးခင် P'Mewကိုစိတ်ဆင်းရဲအောင် မလုပ်ချင်တာကြောင့် သူတစ်ယောက်ထဲအရင်ဆုံးရင်ဆိုင်ကြည့်မယ်ဆိုပြီး တွက်ထားလေတော့သည်။

💔တကယ်ချစ်လို့ ရူးခဲ့သည်💔Unicode/Zawgyi (Complete) Where stories live. Discover now