Part-18

476 31 3
                                    

Unicode

💔တကယ်ချစ်လို့ရူးခဲ့သည်💔

Part-18

" ဟာ....ကိုကို လှလိုက်တာ အဟီး "

အဝတ်လဲခန်းထွက်သည်နှင့် Gulfရဲ့လှလိုက်တာဆိုတဲ့စကားတစ်ခွန်းကြောင့် Mewမနေတတ်စွာဂုတ်ပိုးတွေကို လက်ဖြင့်ပွတ်နေမိ
တော့သည်။

" ကလေးကွာ လူကြီးကိုလာနောက်နေတယ်ပေါ့လေ "

" ဟဲဟဲ....ကိုကိုကချောတာထက် စမတ်ကျလွန်းနေတာခက်တယ် တော်ကြာသူများနောက်ပါသွားမှာတောင် ကြောက်လိုက်တာ "

" ဟားးးး ကိုယ်က ဟောဒီကအဆိုးလေး
Gulfကိုပဲချစ်တာပါဗျ စိတ်ချလက်ချသာနေပါ "

" အဟီးးးးး ဟုတ်တယ်နော် ကိုကိုချစ်တာက
ကျွန်တော်တစ်ယောက်ထဲဆိုတာ "

" ကိုယ် ဒါဆိုအဝတ်ပြန်လဲလိုက်တော့မယ် ပြီးကျရင် dinnerကိုအပြင်မှာပဲစားကြတာပေါ့ "

" ဟုတ် ကိုကို "

Mewလည်းအဝတ်အစားအမြန်ပြန်လဲပြီးနောက်အစားအသောက်ကောင်းတဲ့ဆိုင်ကို တစ်ချက်စဥ်းစားပြီးသွားရန်ပြင်လိုက်ပါတော့သည်။

" ကိုကို ဆိုင်အပြင်အဆင်ကမိုက်တယ် ပြီးတော့ စျေးလည်းကြီးမယ်ထင်တယ်နော် "

ကိုကို ညစာစားဖို်ခေါ်လာတဲ့ဆိုင်အပြင်အဆင်ကြောင့် ကိုကို့ကိုစျေးကြီးမယ်ဖြစ်
ကြောင်းပြောလိုက်ရင်း ဆိုင်ထဲကိုအကဲခတ်နေမိတယ်။

ဆိုင်အပြင်အဆင်က ဆိုင်ပတ်လည်ကိုအနက်
ရောင်တို့နဲ့မွှန်းခြယ်ပြီး ရွှေရောင်ကနုတ်တို့နဲ့ဝန်းရံထားတာကြောင့် ရုပ်လုံးပိုကြွနေပြီးအနောက်တိုင်းဆန်ဆန်ဖြစ်နေပါတော့တယ်။

ဆိုင်အတွင်းဘက်တစ်နေရာမှာ ရေတံခွန်
လေးကို ချစ်စရာအသွင်အပြင်ထည့်ထားတာကြောင့်ဆိုင်ကိုလာရောက်သုံးဆောင်တဲ့ မိန်းကလေးတစ်ချို့ကလည်း ထိုရေတံခွန်လေးနားမှာအလှဓာတ်ပုံများရိုက်နေကြလေသည်။

" ကလေး ဓာတ်ပုံရိုက်ချင်လား "

" ဟင့်အင်း ရိုက်ဖို့ကိုလူတန်းစီစောင့်စရာလား ကိုကိုရယ် စားဖို့လာတာပဲလေ အရင်စားမယ်လူရှင်းမှပဲရိုက်ချင်ရိုက်လိုက်တော့မယ် "

💔တကယ်ချစ်လို့ ရူးခဲ့သည်💔Unicode/Zawgyi (Complete) Where stories live. Discover now