Unicode
💔တကယ်ချစ်လို့ရူးခဲ့သည်💔
Part-20
Gulfပြောထားတဲ့ဆေးရုံကို ရောက်လာတော့သူအမြန်ပင်ကားပါကင်ထိုးလိုက်ပြီး အထဲသို့ဝင်လိုက်ကာ Gulfကိုရှာလိုက်ပါတော့သည်။
ကျီးကန်းတောင်မှောက် Gulfကိုလိုက်ရှာနေချိန်ေနာက်ကျောဘက်ဆီက Gulfခေါ်သံကြောင့်လှည့်ပြီးကြည့်လိုက်ပါတော့သည်။
" ကိုကို "
" ကလေး ဟာ....စိတ်ပူလိုက်ရတာကွာ "
Gulfအနားသို့ခြေလှမ်းကျဲတို့ဖြင့်လျှောက်သွားကာ တင်းကြပ်စွာဖက်လိုက်ပါတော့
သည်။" အွန်း....ကိုကို ဖယ်ပါဦး လူတွေကြည့်ကုန်ပြီ "
ကိုကိုတစ်ယောက်စိုးရိမ်နေတဲ့သွင်ပြင်တို့ဖြင့်သူ့အားဖက်လာပါတော့တယ်။တင်းကြပ်တဲ့ဖက်မှုကြောင့် Gulfအသက်ရှူကြပ်လာကာ အနားကဖြတ်သွားတဲ့လူတစ်ချို့ကြည့်သွားတာမို့သူလဲအနည်းငယ်ရှက်သွားပြီး ဖက်ထားတာကိုလွှတ်ပေးဖို့ပြောလိုက်ပါတော့
သည်။" အာ...ဆောရီး ကလေး ဘာဖြစ်တာလဲ ဘယ်နားနာလို့လဲ နှလုံးအောင့်လို့လား ဟင် "
" ကိုကိုရယ် ဖြည်းဖြည်းမေးပါ ကျွန်တော်ကဘာမှမဖြစ်ဘူး ကိုကို့ကိုကြည့်ရတာအရမ်းစိုးရိမ်လွန်းနေပြီ "
" စိုးရိမ်တာပေါ့ ကလေးကဖုန်းခေါ်တာလည်းမကိုင် ရုံးလည်းမရောက်လာတော့ ပိုပြီးစိတ်ပူသွားတာ "
" ကျွန်တော် တောင်းပန်ပါတယ် ကိုကိုရယ် ဟို...ဟို..လေ.... ကိုကို့ကိုမတိုင်ပင်ပဲ ဆုံးဖြတ်မိလို့ "
ကိုကို့မျက်နှာကိုကြည့်ပြီး အားနာတဲ့စိတ်တို့ဖြစ်ပေါ်လာကာ ခေါင်းလေးငုံကာတောင်းပန်စကားဆိုလိုက်ပါတော့သည်။
" ဘာလို့တောင်းပန်တာလဲကွာ ကိုယ် ကလေးကိုအပြစ်ပြောတာမဟုတ်ရပါဘူး ဒီတိုင်းစိတ်ပူလို့နောက်ပြီးကိုယ့်ကိုမတိုင်ပင်တာတွေရောပဲဘာတွေလည်း ကိုယ့်ကိုရှင်းပြဦး "
မျက်နှာလေးညိုးငယ်စွာပြောလာတဲ့Gulfကိုသူကြည့်ပြီး စိတ်မကောင်းဖြစ်သွားကာ မေးစေ့ကကိုင်ကာပြန်လည်မော့စေပြီးမရှင်းလိုက်တ့ဲအရာကိုမေးလိုက်ပါတော့သည်။