Unicode
💔တကယ်ချစ်လို့ရူးခဲ့သည်💔
Part-8
" ဒါက ဘယ်လဲ "
" အဟင်း မျက်စိသိပ်နောက်လို့ နည်းနည်းသွားကလိမလို့ "
နဒီက ထိုင်နေရာကထရပ်လိုက်တော့ Samကသူ့အားမေးလာတော့ နဒီလည်းပြန်ဖြေလိုက်
ပါတော့သည်။" နင်ကတော့.....ဟားးးးးး "
နဒီလည်းဝတ်ထားတဲ့ဒေါက်ကို အသံပိုမြည်အောင်လျှောက်လိုက်ပြီးနောက် P'Mewတို့ရှိတဲ့ဝိုင်းဆီသို့ခပ်သွက်သွက်လာလိုက်ပါတော့
သည်။" အဟမ်း.... "
ဟင်!!!! Mewတို့တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ခွံကျွေးနေခိုက် နဒီဆိုတဲ့အမျိုး
သမီးသူတို့ဝိုင်းကိုရောက်လာတော့Mew
အံ့ဩသွားပါတော့သည်။နဒီတစ်ယောက် P'Mewတို့ဝိုင်းကိုရောက်တော့သူရပ်နေတာတောင်မမြင်နိုင်တဲလူနှစ်ယောက်ကို ချောင်းဟန့်သံပေးလိုက်တော့ သူ့ကိုမော့ပြီးကြည့်လာတဲ့ P'Mew အံ့ဩနေဟန်ပေါက်နေပါတော့သည်။
" အော်...နဒီပါလား "
" P'Mewကိုတွေ့လိုက်လို့ ထလာတာ "
" ဟုတ်လား ထိုင်ပါဦး နဒီ "
P'Mewနဲ့အတူတူထမင်းစားနေခိုက် သူတို့ဝိုင်းနားကိုရောက်လာတဲ့ ခပ်ဟော့ဟော့ဝတ်
စားထားတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရပါတော့တယ်။ထိုအမျိုးသမီးက P'Mewအားကြည့်တဲ့အ
ကြည့်တွေကစူးရဲနေသလို အရမ်းသိခဲ့တဲ့အနေအထားလည်းရှိနေသလိုပဲဆိုတာ Gulf
သဘောပေါက်မိပါတော့သည်။" အားနာလိုက်တာ ခဏပါပဲ သူငယ်ချင်းကဟိုဘက်ဝိုင်းမှာထိုင်နေတာမို့ "
" ဟုတ်လား ရပါတယ် "
" နဒီ့ကို မိတ်ဆက်ပေးမယ်ပြောထားတယ်လေ အခုမိတ်ဆက်ပေးတော့ "
" အော်...အဟား မေ့နေတာ ဒါအစ်ကို့ချစ်သူ
Gulf Kanawut လို့ခေါ်တယ် Gulf သူက နဒီလို့ခေါ်တယ် ဟို.... "" ဆက်ပြောဖို့ကြောက်နေတာလား P'Mew နဒီတို့ကပတ်သက်ဖို့ဆဲဆဲလူတွေပဲဟာကို... "
Mewအမှန်အတိုင်းပြောမယ်ကြံလိုက်ပေမဲ့ Gulfစိတ်မကောင်းဖြစ်မှာကိုမလိုလားတာကြောင့်မပြောတော့ဘူး ဆုံးဖြတ်လိုက်ခါမှ နဒီကဖွင့်ပြောလာပါတော့တယ်။