Part-5

346 40 1
                                    

Unicode

💔တကယ်ချစ်လို့ရူးခဲ့သည်💔

Part-5

" ဟင့်..ဟင့်..မစားချင်လို့မှမဟုတ်တာ ဟင့်....
လူယုတ်မာကြီး သူများသားကိုယူထားပြီးအနိုင်ကျင့်တယ် ဟီး.... "

မာမီ့ရှေ့မှာအအော်ငေါက်ခံလိုက်ရတာ
ကြောင့်ရှက်တဲ့စိတ်နဲ့ဘာမှတောင်ပြန်မပြောနိုင်ပဲထွက်လာလိုက်တာ ဗိုက်ကလည်းဆာ ငိုရတာလည်းမောနေပြီလေ။

တစ်ဖက်မှာတော့...

" သားMew မင်းအရမ်းမှားတယ် အကျိုးအ
ကြောင်းမမေးပဲ အော်ငေါက်ရလား "

" ကျွန်တော်... "

Gulfကို သူလည်း အော်ငေါက်ချင်လို့မဟုတ်ပါဘူး စိတ်ဆိုးမပြေသေးလို့လုပ်တယ်မှတ်နေတာနေကောင်းခါစအစားပုံမှန်စားမှဖြစ်တာကြောင့်ရယ် မာမီ့အပေါ်မလေးစားရာကျမှာစိုးတာရောပေါင်းပြီးပြောလိုက်မိတာ..

" မာမီ မင်းအပေါ်စိတ်မပျက်ချင်ဘူး ကိုယ်ချစ်လို့ယူထားတဲ့ အိမ်ထောက်ဖက်အပေါ်လေးစားပါ သူ့မှာလည်းအကြောင်းရှိမယ်ဆိုတာကို နားလည်ပေးရမယ် အဲ့လိုမှမဟုတ်ရင် ပြတ်တောက်သွားဖို့အချိန်သိပ်ကြာမှာမဟုတ်ဘူး "

" ကျွန်တော် မှားပါတယ် မာမီ Gulfကိုသွားချော့လိုက်ဦးမယ် "

" အေး သွားချော့လိုက် ပြီးရင်အပြင်မှာတစ်
ခုခုလိုက်ကျွေးလိုက် Gulfလေးကြိုက်တာကိုပေါ့ "

" ဟုတ်ကဲ့ မာမီ "

Mew သက်ပြင်းမောလေးချကာ အိမ်ပေါ်ထပ်ဆီသို့တက်လာလိုက်ပါတော့သည်။အခန်းတံခါးကိုဖွင့်ရန် လက်တို့တွန့်ဆုတ်နေမိပါတော့သည်။

Mew အခန်းတံခါးကိုဖြည်းညင်းစွာဖွင့်လိုက်တဲ့အခါ မွေ့ယာပေါ်ကန့်လန့်ဖြတ်လှဲနေတာကိုမြင်လိုက်ရပါတော့သည်။

" Gulf ကိုယ် တောင်းပန်ပါတယ် အကျိုးအ
ကြောင်းမသိပဲနောက်ဆို ကိုယ်မအော်တော့ဘူးလို့ ကတိပေးပါတယ် "

သူပြောလိုက်တာတောင် မလှုပ်မယှက်ရှိနေတာကြောင့် Mewလည်းအနောက်ဘက်ကနေရှေ့ကိုသွားကာကြည့်လိုက်တဲ့အခါ အိပ်ပျော်နေတာကိုတွေ့ရတော့သည်။

💔တကယ်ချစ်လို့ ရူးခဲ့သည်💔Unicode/Zawgyi (Complete) Where stories live. Discover now