Unicode
💔တကယ်ချစ်လို့ရူးခဲ့သည်💔
Part-17
" အွန်း.... "
သူ့လက်တစ်ဖက်ကို ချွေးတွေပြန်နေတာတောင်မလွတ်တမ်းကိုင်ထားတဲ့ P'Mew
ကုတင်ခေါင်းရင်းကိုမှီကာအိပ်ပျော်နေတာကို Gulfမော့ကြည့်ရင်းတွေ့ရလေသည်။Gulfလက်လေးကိုကိုင်ထားရင်းအိပ်ပျော်သွားစဥ် Mewဆုပ်ကိုင်ထားတဲ့လက်တစ်
ဖက်လှုပ်သွားကာ အအိပ်စက်သူပီပီနိုးလာတော့သည်။" ဟင်...ကလေး နိုးပြီလား "
" ဟုတ် ကိုကို ခေါင်းတွေနာတော့မှာပဲ "
" ကိုယ် စိတ်ပူလိုက်ရတာကွာ ေနာက်ရက်အထူးကုနဲ့သွားပြကြမယ် အထွေထွေဆရာ
ဝန်ကတော့ သွားပြဖို့တိုက်တွန်းနေတာ "" မဟုတ်တာ ကျွန်တော် အဆင်ပြေပါတယ် "
P'Mewမျက်ဝန်းထဲမှာ စိုးရိမ်တဲ့အရိပ်
အယောင်တွေတွေ့နေရတယ်။မင်းတော်
တော်ဆိုးပါလားGulfရာ မင်းကြောင့်P'Mew
စိတ်ပူပန်နေရပြီတစ်ချိန်မှာဖြစ်လာမဲ့အရာတွေကို P'Mewကိုကြိုမခံစားစေချင်သေးဘူးဆိုပြီး စိတ်ထဲ၌တွေးနေမိတော့သည်။" ကိုယ်ကအဆင်မပြေဘူး ကလေး ဒီတစ်ခါလေးတော့ ကိုယ့်စကားကိုနားထောင်ပေးနိုင်မလား တောင်းဆိုတာပါ ကလေး "
P'Mewမသိအောင်တိတ်တိတ်လေး သက်ပြင်းလေးရှိုက်လိုက်ကာ ခေါင်းငြိမ့်ဖြေဆိုလိုက်ပါတော့သည်။
" ဟုတ် ကိုကို့သဘောပါ မငြင်းတော့ဘူးနော် "
" အိုကေ ကိုယ် တစ်ခုခုစားဖို့သွားယူပေးမယ်
ညနက်နေပြီဆိုတော့ နွားနို့နဲ့မုန့်လေးပဲစားလိုက်မလား ကလေး ဘာစားချင်လဲ "Gulfမျက်နှာလေးသိသိသာသာလေးဖျော့တော့နေတာကြောင့်စိတ်ပူတာတစ်ဝက်ကျန်နေသေးတာကို အတတ်နိုင်ဆုံးမျက်နှာမပျက်အောင်ထိန်းရင်းပြောနေရပါတော့သည်။
" နွားနို့ပဲသောက်တော့မယ် ကိုကို ကျွန်တော်နားချင်နေပြီ "
" အိုကေ ကိုယ်သွားယူလိုက်မယ် ခဏလေးထိုင်စောင့်နေနော် "
" ဟုတ် "လို့Gulfပြောလိုက်တော့ ဆုပ်ကိုင်ထားတဲ့လက်လေးဖြည်းညှင်းစွာလွှတ်ပေးပြီးနောက်နဖူးပြင်ကိုအနမ်းဖွဖွလေးပေးကာ အိပ်ခန်းထဲကထွက်သွားပါတော့တယ်။