Unicode
💔တကယ်ချစ်လို့ရူးခဲ့သည်💔
Part-21(ဇာတ်သိမ်း)
" Lhong တကယ်လို့ငါ Gulfအနားမှာမရှိရင်မင်းကတတ်နိုင်သလောက် စောင့်ရှောက်ပေးနိုင်မလား "
Gulfကျန်းမာရေးအခြေအနေကိုလာမေးရင်းသူ့ကို ကန်တင်းသို့ခေါ်လာကာထိုသို့အနှောင့်မလွတ်တဲ့စကားတွေကိုလာပြောနေပါတော့
သည်။
" Mew မင်းပြောနေပုံက အတည်ပုံကြီးပါလားဘာတွေဖြစ်နေလဲ Mew "
" ငါအလုပ်ကြောင့် နို်င်ငံခြားထွက်ရရင်ပြောတာပါကွာ မင်းကလဲ "
Lhongအပြောကို Mewလည်းရှောင်ဖယ်ကာပြောလိုက်ပါတော့သည်။
" အေးပြီးတာပဲ Gulfအနားမှာမင်းကလွဲရင်တစ်ခြားသူဆိုဘယ်အားရှိနို်င်မလဲကွ "
Lhongပြောတာလည်း ဟုတ်ပါသည် ဒါတွေကိုတွေးနေတော့တစ်ရက်တစ်ရက်နောက်ကိုဆုတ်ရင်း အခုဆိုတစ်လလောက်တောင်ပြည့်ခဲ့ပြီလေ။
" အေးပါကွာ "
Mewကိုကြည့်ရတာအားသိပ်မရ လူပမာထက်ကိုယ်တိုင်လည်းပိန်နေတယ်ဆိုတာကို မသိလေသလားဆိုပြီး Lhongတွေးနေမိတယ်။
" ဟာ....ဦးလေး လာတယ် အန်တီလည်းပါတာပဲ"
တစ်ရက်မှာ တက္ကစီမောင်းတဲ့ဦးလေးတို့လင်မယားနှစ်ယောက်ရောက်ချလာပါတော့တယ်။
" ဟုတ်တယ်ဟေ့ မင်းအန်တီပေါ့ ဆေးရုံဆင်း
တာနဲ့တန်းကိုလာချင်တယ်ပြောလို့ "
" သားGulfရော "
" အိပ်နေတယ် အန်တီ "
အန်တီတစ်ယောက် ကျောက်ကပ်လဲလိုက်ပြီး
ဆေးကုသမှုသေချာခံယူနေတာကြောင့် မျက်နှာလေးမှာ သွေးရောင်လွှမ်းနေကာလူကောင်းပမာဖြစ်နေပါတော့သည်။
" အန်တီ့အသက်ကိုကယ်တင်ပေးထားတဲ့
Gulfလေးကိုလည်း အမြန်ကယ်တင်မဲ့သူပေါ်ပါစေလို့ဆုတောင်းပေးပါတယ်ကွယ် "
အဲ့ဒီလူက ကျွန်တော်ကိုယ်တိုင်ပါပဲ အန်တီရယ် ဆုံးဖြတ်ချက်တွေခိုင်မာလာအောင်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
" ပေးတဲ့ဆုနဲ့ပြည့်ပါရစေ အန်တီ "
အိပ်ပျော်နေတဲ့Gulfနဖူးလေးကို အန်တီကဖွဖွလေးပွတ်ပေးနေတော့ မကြာလိုက်ပါဘူး
Gulfနိုးလာပါတော့တယ်။
