Unicode
💔တကယ်ချစ်လို့ရူးခဲ့သည်💔
Part-11
" မာမီ ဘာတွေစဥ်းစားနေတာလဲ "
ဒေါ်ယုမေ လွန်ခဲ့တဲ၄နှစ်လောက်ကဖြစ်ပျက်ခဲ့တဲ့သားဖြစ်သူအကြောင်းတို့ကိုစဥ်းစားနေချိန် Mewအနားရောက်လာပြီး ပုခုံးကိုလာပုတ်ခါမှသတိပြန်ဝင်လာပါတော့သည်။
" အော်...အင်း...မာမီ အတွေးလွန်သွားလို့ "
" ဘာတွေဒီလောက်တွေးနေရတာလဲ ကျွန်တော်ခေါ်နေတာကြာပြီ "
" အေးပါကွယ် ဒါနဲ့သား ဘယ်သွားမလို့လဲ "
အပြင်သွားမဲ့ပုံကြောင့် ဒေါ်ယုမေမေးလိုက်ပါတော့သည်။
" ဒယ်ဒီနဲ့ညီလေးကို လေဆိပ်မှာသွားကြိုမလို့ "
" အေးပါ သွားသွား နောက်ကျနေမယ် "
" ဟုတ်ကဲ့ မာမီ ကျွန်တော်သွားပြီနော် "
" ကားသတိထားမောင်း "
" ဟုတ် "
Mew ကားလေးထွက်သွားခါမှ ကွာရှင်းထားတာကြာပြီဖြစ်တဲ့ခင်ပွန်းဖြစ်သူကို သားဖြစ်သူရဲ့ရောဂါအခြေအနေကြောင့် လွန်ခဲ့တဲ့
၄နှစ်ကပြန်စကားပြောဖြစ်ခဲ့ကြခြင်းကို ပြန်သတိရသွားလေတော့သည်။Flash Back 🔙
" ဟဲလို ဦးဘုန်းမြတ် "
" ........ "
" ယုေမတို့ သားလေးအခြေအနေမကောင်းဘူး အမြန်ဆုံးပြန်လာပေးနိုင်မလား ခဏဆိုရပါပြီ "
" ....... "
" အကြောင်းစုံကတော့ ရောက်တော့မှ ယုမေ
ပြောပြပါ့မယ် ဖြစ်နိုင်ရင်မြန်မြန်လာပေးပါ "" ...... "
ဇနီးဟောင်းယုမေမာနကြီးလွန်းသူ ဖုန်းဆက်ပြီးခေါ်ယူရတဲ့အထိဆိုတော့ သားMew
တော်တော်လေးဖြစ်နေတာကြောင့်လို့တွေးမိတော့အမြန်ပင်လက်မှတ်ဖြတ်ကာ သားရှိတဲ့ဘန်ကောက်သို့ထွက်လာလိုက်ပါတော့
သည်။လက်ရှိဇနီးကိုပြောပြတော့ သွားဖို့ပြောလာပါတယ်။သူ့အတွက်စိတ်မပူဖို့အတန်တန်မှာနေခဲ့ပါတယ်။ကိုယ်ဝန်ရှိခါစအချိန် အနားမှာစောင့်ရှောက်ပေးချင်သော်ငြားလည်း အခုလိုသားကြီးကိစ္စကြောင့် မသွားမဖြစ်သွားမယ်ဆိုတော့ကြည်ဖြူစွာလက်ခံပေးလာပါတော့
သည်။
