Unicode
💔တကယ်ချစ်လို့ရူးခဲ့သည်💔
Part-13
Gulfတစ်ယောက် ဖိုင်းတို့ကိုထိုင်စောင့်နေရင်းအနောက်ဘက်က ရင်းနှီးကျွမ်းဝင်နေတဲ့ကိုယ်သင်းအန့ံနဲ့အတူ ကျောပြင်တစ်
လျှောက်နွေးထွေးသွားသလို ခံစားရလေတော့သည်။
" Gulf "
Gulf နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့.......
" P'Mew "
" ကို်ယ့်ကလေးရာ အခုလိုတွေ့ရတာ တကယ် အိမ်မက်လိုပဲ "
P'Mewပုံစံကသူ့ကိုတွေ့တာနဲ့ မယုံကြည်နိုင်တဲ့မျက်ဝန်းတို့နဲ့ကြည့်လာပြီး အသံခပ်တုန်
တုန်ဖြင့်ပြောလာပါတော့တယ်။
Gulf ထပြေးမယ်အလုပ် P'Mewကသူ့လက်ကိုလှမ်းဆွဲပါတော့သည်။ရင်ခုန်နေတာရောလန့်နေမိတာရောပေါင်းကာခြေဖျားလက်
ဖျားတွေအေးနေပါတော့သည်။
" မသွားပါနဲ့ဦးကွာ ကိုယ်ပြောပြစရာတွေအများကြီးရှိသေးတယ် "
" ကျွန်တော့်ဘက်က ပြောစရာမရှိဘူး "
" စိတ်အေးအေးလေးထားနော် လက်တွေလည်းအေးစက်နေတာပဲ ကိုယ် အတင်းမလုပ်ပါဘူးGulfအခုမလိုက်ချင်သေးလည်းရတယ် ကိုယ်မခေါ်တော့ဘူးနော် "
သူ့လက်ကိုဖြည်လွှတ်ပေးကာ ခေါင်းငုံကာရပ်နေသူကြောင့် Gulfတစ်ချက်သာကြည့်လိုက်ပြီးငြိမ်သက်နေမိတယ်။
Gulfအပေါ်အရင်ကလို အတင်းလုပ်မယူချင်တာကြောင့် လက်လေးအေးနေတာကိုလည်းသိနေတာမို့တစ်ချက်ဆုပ်နယ်လိုက်ပြီးနောက်
ဖြည်လွှတ်ပေးလိုက်ပါတော့သည်။
" ကိုယ် လာတာမကြိုက်ဘူးမလား Gulf
ဘက်ကစကားပြောဖို့ရှိလာရင် ကိုယ့်ကိုဆက်သွယ်ပေးပါလား တောင်းဆိုတာပါ "
P'Mew ထိုစကားပြောပြီးသည်နှင့် သူထိုင်နေတဲ့ဝိုင်းခပ်လှမ်းလှမ်းက ဝိုင်းမှာသွားထိုင်ပါတော့သည်။
Gulf ထပြန်သွားရင်လည်း P'Samကစိတ်ပူပြန်ဦးမယ် ထိုင်နေပြန်တော့လည်း P'Mew
အနားထပ်ရောက်လာလို့ P'Samနဲ့ကြုံရင် ဟိုတုန်းကလိုများဖြစ်မလားဆိုပြီး တွေးပူနေပါတော့သည်
