Unicode
💔တကယ်ချစ်လို့ရူးခဲ့သည်💔
Part-12
ဘန်ကောက်ကိုရောက်ပြီး နောက်တစ်ရက်မှာသူနဲ့P'Samတို့နှစ်ယောက် မဲ့တို့အိမ်သို့ချီတက်လာကြပါတော့သည်။
" P'Sam ကျွန်တော် ရင်တွေအရမ်းခုန်နေတယ် "
" ကိုယ့်ရောဂါအကြောင်းသိတာပဲလေ စိတ်
လေးကိုဖြည်းဖြည်းလျှော့ "P'Samပြောသလို စိတ်ကိုတတ်နိုင်သမျှရ
အောင်ထိန်းချုပ်ပြီးနောက် တိတ်ဆိတ်နေတဲ့ခြံဝန်းတံခါးလေးကို ဖြည်းညှင်းစွာဖွင့်ဝင်လိုက်ပါတော့သည်။" အိမ်ရှင်တို့.. "
Gulfလည်း အသံပြုကာခြံထဲသို့ဝင်လာလိုက်
ပါတော့တယ်။အသံပြုပြီးနောက် ပန်းရုံနောက်ကလူရိပ်တစ်ခုကထွက်လာပြီး မေးပါတော့သည်။" ဘယ်သူနဲ့တွေ့ချင်လို့လဲ "
" မဲ့....ကျွန်တော် "
အသက်အရွယ်အပိုင်းအခြားကြောင့် ရလာတဲ့အရေးအကြောင်းတွေရှိရုံကလွဲရင် မဲ့ကအရွယ်တင်နုပျိုနေပါတော့သည်။
ဒေါ်သွယ်သွယ် သားမရှိတော့တဲ့နောက်ပိုင်းခြံလေးထဲ ပန်းပင်တွေပိုမိုစိုက်လာမိတော့
သည်။ဒီနေ့လည်းပန်းရုံထဲရှိနေခိုက် ကောင်လေးနှစ်ယောက်အသံပြုကာဝင်လာတာကို မြင်လိုက်ရတော့ အမေးလေးနဲ့မေးလိုက်တဲ့အခါ..." ဟယ်....အဖေကြီးရေ.....သား...သား...Gulf "
၄နှစ်လောက်အမြဲအမှတ်ရနေတဲ့ သားဖြစ်သူကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ အံ့ဩခြင်းများစွာဖြင့် ခင်ပွန်းဖြစ်သူကိုလှမ်းအော်ခေါ်မိပါတော့သည်။
အလန့်တကြားအိမ်ထဲကပြေးထွက်လာတဲ့ဖောကလည်း သူ့ကိုကြည့်ပြီး အ့ံဩနေကြပါတော့သည်။
သူ့ကိုမြင်တော့ မဲ့ အံ့ဩသွားရုံမက ဖောကိုပဲ
အော်ခေါ်နေတဲ့ မဲ့ကို ကြည့်ရင်းGulfမျက်
ရည်တွေကျလာပါတော့သည်။" မဲ့ ဖော အင့်... "
" သားရယ် မဲ့ ပျော်လိုက်တာ လွမ်းနေရတာကွယ် အီးဟီး "
သားအမိနှစ်ယောက်ဖက်ငိုနေကြတာကိုဦးခွန်စိုင်းရပ်ကြည့်နေမိတော့သည်။မျက်တောင်တို့မှာလည်း မျက်ရည်စတို့ခိုသီနေပါတော့တယ်။