Unicode
💔တကယ်ချစ်လို့ရူးခဲ့သည်💔
Part-7
" ဟေ့ရောင် မုန်တိုင်း မင်းကွာ ကလေးကိုမုန့်ပေးကြိုက်ခဲ့တာ မဟုတ်လား "
ဟားးးး
Leo စကားကြောင့် Lhongအပါအဝင်ကျန်သူငယ်ချင်းများ ဝိုင်းရယ်ကြပါတော့သည်။
" Leo မင်းကွာ ငါ့ကိုပဲပြောမနေနဲ့ မင်းလည်းဘာထူးလို့လဲ "
" ဟားးးးးး အိုကေ ငါမပြောတော့ဘူး "
Gulfကတော့ P'Mewနဲ့သူငယ်ချင်းတွေကြားထဲမှာ ယောင်လည်လည်ဖြစ်နေပါတော့တယ်
" Gulf ပျင်းနေပြီလား "
" ဟင့်အင်း မပျင်းပါဘူး "
Gulfက အရက်လည်းသောက်မရတာကြောင့်ပျင်းနေမလားဆိုပြီးမေးလိုက်ပါတော့သည်။
" အိမ်ပြန်ချင်ရင် ကိုယ့်ကိုပြောနော် "
" ဟုတ် "
ဟင်!!!!
P'Mewနဲ့စကားပြောခိုက် သူတို့ဝိုင်းဆီိကိုလမ်းလျှောက်လာတဲ့ သူငယ်ချင်းတစ်စုကိုတွေ့လိုက်ရတော့ စိတ်ထဲပျော်သွားရပါတော့
သည်။" ဟာ..Gulf ဖြည်းဖြည်း ချော်လဲမယ်လေ "
Gulf သူ့အနားကလှစ်ခနဲပြေးထွက်သွားတော့သူစိတ်ပူကာအော်ပြောလိုက်ပေမဲ့ Gulf
ဘက်ကပြန်ပြောသံမကြားရပေ။" မင်းတို့လာတယ် ဟုတ်လား "
" လာရမှာပေါ့ ငါတို့မှာ ဒီသူငယ်ချင်းရဲ့မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်ပေးရမှာပေါ့ "
No၊Champ၊ပွေဖိုင်း၊ထန်ယားတို့ကလည်းပြုံးပျော်နေကြပါတော့တယ်။
" လာလာ ငါတို့တစ်ဝိုင်းထိုင်ကြမယ် "
" အေးအေး "
" ခဏနေဦး P'Mewနဲ့မိတ်ဆက်ပေးမယ် "
Gulfတစ်ယောက် သူငယ်ချင်းတစ်စုကိုနေရာချပေးပြီးနောက် P'Mewရှိတဲ့ဘက်ကိုပြန်ပြေးလာပါတော့သည်။
" ဟော...ဟဲ... P'Mew "
" Gulfရာ...မပြေးပါနဲ့ဆို ခုကြည့်မောနေပြီမလား ရေလေးသောက်လိုက် "
" အင်း "
Mew ကမ်းပေးလိုက်တဲ့ရေခွက်ကိုသောက်လိုက်ပြီး စကားဆက်ပြောပါတော့သည်။
![](https://img.wattpad.com/cover/318678563-288-k859942.jpg)