Episode (10)

2.2K 216 69
                                    

Unicode

" ကောင်း ငါ အိမ်သာခဏသွားလိုက်အုံးမယ် "

" အင်း "

ထိုင်နေရာမှမတ်တတ်ရပ်လိုက်သည်နှင့် ပုလဲ၏အကြည့်မှာ သန့်ဆီကိုရောက်ရှိလာကာ မေးဆတ်ပြလာလေသည် ။

" အိမ်သာသွားဖို့ "

" အကြာကြီးမလုပ်နဲ့ သန့် ၊ ဒီနေ့ကျူရှင်ပိတ်တယ်ဆိုတော့ ကျောင်းဆင်းတာနဲ့အိမ်ပြန်ရမှာ "

" အေးပါ "

ပုလဲကို ခေါင်းညိတ်ပြရင်း အခန်းထဲမှမြန်မြန်ထွက်ရသည် ။ မေ ထည့်ပေးလိုက်သည့် ခေါက်ဆွဲကြော်လေးဆင့်ထဲမှ နှစ်ဆင့်နီးပါးကို တစ်ယောက်တည်းအဝစားထားသည်ဆိုတော့ ဗိုက်ထဲမှာ ဆန္ဒပြသံများဖြင့်ဆူညံလာ၏ ။ ဗိုက်ထဲရှိအစာဟောင်းများကို မစွန့်ထုတ်ပါက အိမ်အပြန်လမ်း၌ အိမ်သာတက်ချင်လာလျှင်အခက်ဆိုတော့ ကျောင်းမှာ ကိစ္စရှင်းသွားမှ အဆင်ပြေမည် ။

သန့်တို့၏ ရှစ်တန်းအေခန်းပြီးလျှင် ကိုးတန်းများ၏စာသင်ခန်းများမှာ အစဉ်လိုက်တည်ရှိနေသည် ။ ဆယ်တန်းအခန်းများမှာတော့ အပေါ်ထပ်တွင်တည်ရှိ၏ ။

ခပ်မြန်မြန်ပြေးသွားချင်သော်လည်း သန့်၏ခန္ဓာကိုယ်က သန့်၏ဆန္ဒကို မလိုက်လျောနိုင်ပေ ။ ထို့အတွက်ကြောင့် လှုပ်တုပ်လှုပ်တုပ်ဖြင့်သာ အိမ်သာရှိရာအရပ်ကို ဦးတည်လျှောက်လမ်းရသည် ။ ဗိုက်ထဲမှာလည်း တဂွီဂွီမြည်လာသဖြင့် ထွက်မကျစေရန် ဖင်လေးကျုံ့ထားပြီး လက်သီးကိုလည်း ကျစ်ကျစ်ဆုပ်ထားရသေး၏ ။

******

တဟေးဟေးတဟားဟားသံများကြောင့် ပုလဲ၏မျက်နှာမှာ မှုန်ကုပ်ကုပ်ဖြစ်သွားပြီး ဘေးဘက်ရှိ ယုယကို တံတောင်လေးဖြင့်ထိလိုက်မိ၏ ။

" ဘာဖြစ်လို့လဲ ပုလဲ "

" ငါ အဲဒီကောင်တွေကို ကြည့်လို့မရဘူးဟာ "

အခန်းရှေ့မှဖြတ်သွားသည့် ယောက်ျားလေးအုပ်စုကိုလက်ညှိုးဖြင့်ထိုးရင်း ယုယကိုစကားပြောမိ၏ ။ ယုယက ပုလဲ၏လက်ညှိုးနောက်ကို လိုက်ကြည့်ပြီးမှ သက်ပြင်းဖွဖွချကာ ပုလဲ၏လက်ညှိုးလေးကို လက်ဖြင့်အုပ်ကိုင်၍ခေါင်းယမ်းပြလာသည် ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now