Episode (33)

1.1K 103 13
                                    

Unicode

နံနက်ခုနစ်နာရီအချိန်ခန့်

" သန့်နိုးပြီလား တီတီ "

" နိုးနေပြီ ကောင်းရေ "

" ဘာဖြစ်လို့ အောက်ဆင်းမလာသေးတာလဲ မသိဘူး "

" မသိပါဘူးဟယ် ၊ မနေ့ကတည်းက နေ့မကောင်းဘူးဆိုပြီးခွေနေတာလေ ၊ အခုမနက်လဲ မျက်နှာကမသာမယာနဲ့ "

တီတီ့စကားကြောင့် သက်ပြင်းချလိုက်မိတော့ တီတီက ကောင်းကို မျက်လုံးပင့်ကြည့်လာပြီးမှ  လက်မောင်းကို လက်ဖြင့် အသာအယာပုတ်လာသည် ။

" စာမေးပွဲအတွင်းပင်ပန်းသွားလို့ဖြစ်ပါလိမ့်မယ် ကောင်းရဲ့ ၊ သွား...သွား...ကျေးဇူးရှင်လေးကိုသွားကြည့်လိုက်အုံး "

ခေါင်းကိုညိတ်ပြရင်း တီတီ လုပ်နေသည်ကို ခဏရပ်ပြီးကြည့်နေမိသည် ။ နန်းကြီးသုပ်များကို အိတ်ထဲမှ ပန်းကန်ထဲသို့ပြောင်းထည့်နေသည့် တီတီ့လှုပ်ရှားမှုများမှာ သွက်လက်မြန်ဆန်လျက် ။ ခဏအကြာတွင် တီတီက သူ့ဘက်ကို ခေါင်းစောင်းကြည့်လာပြီး

" မသွားသေးဘူးလား "

ဟု မေးလာသဖြင့်

" အခုသွားတော့မှာ "

ဆိုပြီး ပြန်ဖြေလိုက်ကာ မီးဖိုခန်းထဲမှထွက်၍ လှေကားထစ်များကိုတစ်ထစ်ချင်းစီ ဖြည်းညင်းစွာကျော်ဖြတ်ရင်း သန့်၏အကြောင်းများကိုစဉ်းစားမိတော့ ရငျဘတျထဲတှငျခံစားခကြျမြျိုးစုံဖွငျ့ရှုပျထှေးလကြျ ။ စာမေးပွဲပြီးသွားသောကြောင့် လွတ်လပ်ပေါ့ပါးနေသည့် သန့်က ထက်ဘုန်းနိုင်နှင့်စကားပြောပြီးသည်နှင့် စိတျဆငျးရဲမှုတဈခုခုကျိုရငျဆိုငျနရေသူလိုမြိုး မျက်နှာအမူအရာပျက်ယွင်းနေခဲ့သည် ။ ခဏအိပ်လိုက်ဦးမည်ဆိုပြီး ညမိုးချုပ်သည်အထိ အခန်းထဲတွင်သာနေနေသည့် သန့်က အမှန်တကယ်အိပ်ပျော်ချင်မှလည်း အိပ်ပျော်နေလိမ့်မည် ။  နံနက်ခင်းတိုင်း သူ အမှိုက်လှည်းသည့်ဘေးတွင် အပြေးလေ့ကျင့်နေကျဖြစ်သော်လည်း ယနေ့ကျတော့ သန့်က သူ့ဆီသို့ရောက်ရှိမလာခဲ့သောကြောင့် လစ်ဟာနေသည့်ခံစားချက်မှာ သိသိသာသာ ။

" ဟူး "

လေပူတစ်ချက်မှုတ်ထုတ်ရင်း ခေါင်းကိုလည်း ခါယမ်းမိ၍ သန့်၏အခန်းရှေ့ခြေစုံရပ်မိချိန် ပွင့်ဟလာသည့်တံခါးရွက်နှင့်အတူ ပေါ်ထွန်းလာသော မျက်နှာလေးမှာ နွမ်းလျညှိုးငယ်လျက် ။ မလန်းဆန်းသည့်မျက်နှာတွင် ညိုနေသောမျက်ကွင်းတစ်စုံမှာ သျိသာထငျရှားနကော ရဲနေသည့်မျက်လုံးအိမ်များကြောင့်လည်း သန့်၏အသွင်သဏ္ဍာန်မှာ ပို၍နွမ်းဖတ်နေခဲ့သည် ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Tempat cerita menjadi hidup. Temukan sekarang