Episode (41)

1.2K 100 22
                                    

Unicode

" သား ...  နေလို့ကောင်းရဲ့လား "

" ... "

အနီးကပ်ရပ်ပြီးမေးလိုက်သော်လည်း ကောင်းကတော့ ဇာနည်၏အမေးစကားကို မကြားသည့်ပုံပင် ။ အမြဲတမ်း သတိဖြင့်နေတတ်သော ကောင်းက ယခုရက်ပိုင်းအတွင်း သိသာစွာမှိုင်တွေနေခဲ့သည် ။ ထိုမှိုင်တွေခြင်း၏ နောက်ကွယ်ရှိအကြောင်းအရင်းကို သိရှိပြီးဖြစ်သောကြောင့် နှစ်သိမ့်စကားဆိုရန်လည်း မစွမ်းသာပေ ။ ကောင်းက သန့်ကိုချစ်၍ သန့်၏ချစ်ခြင်းမေတ္တာကို ကောင်းအားရစေချင်ပါသော်လည်း ကံတရားက အခြားအကြောင်းတရားကို စနစ်တကျထည့်သွင်းလာ၏ ။

ဇာနည်နှင့် လဲ့လဲ့ကျော် တစ်ယောက်ကိုတစ်ယောက်ကြည့်မိကြရင်း သက်ပြင်းကိုယ်စီချလိုက်မိ၏ ။ လဲ့ ကောင်း၏မျက်နှာလေးကို စိတ်မကောင်းစွာဖြင့်ကြည့်ပြီး ပခုံးကိုဖွဖွလေးထိတွေ့လိုက်မှ ကောင်း၏အကြည့်မှာ လဲ့ထံသို့ရောက်ရှိလာခဲ့သည် ။

" သား...ကောင်း ...ဖေဖေ သားကိုစကားပြောနေတယ်လေ "

ယောင်ယောင်မှားမှားဖြင့် ခေါင်းကိုအကြိမ်ကြိမ်ညိတ်လိုက်ပြီးမှ ဖေဖေ့ကို ကောင်း ကြည့်လိုက်မိတော့ ဖေဖေ့မျက်နှာမှာ သိသိသာသာပျက်နေလေသည် ။ 

" နေကောင်းရဲ့လား သား "

" ကောင်းပါတယ် ဖေဖေ "

ခန္ဓာကိုယ်တွင်ဘာမှမဖြစ်သော်လည်း စိတ်နှလုံးကတော့ ချုံးချုံးကျနေကြောင်း ဖွင့်မပြောချင်သဖြင့် ကောင်းသည်ဟုသာဖြေလိုက်မိသည် ။ အလုပ်ပင်ပန်းနေကြသည့်မိဘများကို သူ့ကြောင့် ပိုပြီးမပင်ပန်းစေချင်ပေ ။ ထိုသို့ပြောလိုက်သော်ငြား  ဖေဖေနှင့်မေမေ ယုံမည်မဟုတ်ကြောင်းကိုလည်း အလိုလိုရိပ်စားမိ၏ ။

" သား တစ်ခုခုဖြစ်ရင် ဖေဖေ့ဆီဖုန်းတန်းဆက်လိုက်နော် ၊ ဖေဖေနဲ့မေမေ တစ်ယောက်ယောက် သားဆီကိုလာခဲ့မယ် "

" ဟုတ်ကဲ့ ဖေဖေ "

" အေးကွာ ၊ သင်္ကြန်နီးလာတော့ အလုပ်တွေအကုန်ဖြတ်နေရလို့ သားရာ ၊ ဒါပေမဲ့ ပိတ်ရက်ရတယ်ဆိုတော့လဲ တော်သေးတယ်ပြောရမယ် ၊ အဲဒီရက်တွေကျမှ ဖေဖေတို့ အေးအေးဆေးဆေးစကားပြောကြတာပေါ့...မကောင်းဘူးလား "

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now