Episode (37)

1.1K 109 47
                                    

Unicode


သန့်က မီးဖိုခန်းထဲတွင် ယောင်လည်လည်လေးလာလုပ်နေသည်မှာ ဆယ်မိနစ်ခန့်ကြာသွားပြီဖြစ်၏ ။ ဟိုပစ္စည်းလေးကောက်ကိုင်လိုက် ၊ သည်ပစ္စည်းလေးကောက်ကိုင်လိုက် ၊ မွန့်ဘေးဘက်တွင်လာရပ်ပြီး မွန့်မျက်နှာကို မသိမသာအကဲခတ်လိုက်ဖြင့် အလုပ်များနေသည့် သန့်၏အမူအရာမှာ တစ်ခုခုကိုပြောချင်နေပုံရသဖြင့် မွန် ဟင်းအိုးထဲကိုရေအနည်းငယ်ထည့်လိုက်ရ၏ ။ ထို့နောက် ဘေးဘက်တွင် အတောင့်သားရပ်နေသည့် သန့်ကို မျက်လုံးစွေကြည့်မိတော့ သန့်ကလည်း မွန့်ကို မျက်နှာငယ်လေးဖြင့်ကြည့်လာသဖြင့် တစ်ယောက်နှင့်တစ်ယောက် အတန်ကြာကြည့်နေမိကြသည် ။

" သန့် မေ့ကို ဘာပြောချင်လို့လဲ "

သန့်က နှုတ်ခမ်းကိုဖိကိုက်၍ ခေါင်းလေးကိုတစ်ချက်ကုတ်ပြီးမှ

" မေ့ဆီက ခွင့်တောင်းစရာလေးရှိလို့ "

" ခွင့်တောင်းစရာ...ပြောလေ...ဘာကိုခွင့်တောင်းမှာလဲ "

" ကိုထက်ဘုန်းနိုင်က သန့်တို့ဆီလာချင်လို့တဲ့ "

" သြော် " ဆိုသည့်စကားတစ်ခွန်းကိုသာ ခပ်တိုးတိုးရေရွတ်ပြီး မေက သူ့မျက်နှာကို ခဏကြည့်နေပြီးမှ ခေါင်းညိတ်ပြလာခဲ့သည် ။

" လာခိုင်းလိုက်လေ ၊ အရင်ကလဲ လာနေကျပဲကို "

" သန့်က မေ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ "

" စိတ်အနှောင့်အယှက်ဆိုတာထက် တစ်မျိုးလေးတော့ဖြစ်တာပေါ့ မေ့သားရေ ၊ ဒါပေမဲ့လဲ ရှောင်လို့မှမသင့်တာဆိုတော့ လာခိုင်းလိုက်ပါ "

" ဟုတ် မေ "

သန့်က ခေါင်းကိုဖြည်းဖြည်းချင်းညိတ်ပြပြီး မွန့်ပခုံးစွန်းကို အသာအယာလေးဆုပ်ကိုင်လာခဲ့၏ ။
ထို့နောက် သန့်နှုတ်ခမ်းလေးမှာ မွန့် နားထင်ပေါ်သို့ရောက်ရှိလာပြီး ညင်ညင်သာသာနမ်းရှိုက်လေသောအခါ ငိုချင်စိတ်မှာ လှိုက်ခနဲ ။ ထိုသို့ခဏကြာနမ်းပြီးမှ သန့်ဆီက ရယ်သံတိုးတိုးလေးထွက်ပေါ်လာခဲ့၏ ။

" မေကချောလိုက်တာ "

အဆက်အစပ်မရှိပြောလာခဲ့သည့် သန့်၏စကားကြောင့် မွန် မျက်တောင်များကိုတစ်ချက်ခတ်လိုက်ပြီးမှ သန့်၏လက်မောင်းကို အားမထည့်ဘဲ ခပ်ဖွဖွဆွဲလိမ်ပစ်လိုက်၏ ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now