Episode (22)

1.4K 148 39
                                    

Unicode

နံနက်ခြောက်နာရီခန့်

" အိပ်ချင်နေတုန်းလား သန့် "

" ဟင့်အင်း "

ပါးစပ်မှသာငြင်းဆိုနေသော်လည်း သန့်၏မျက်လုံးများမှာ အလုံးစုံမပွင့်သေးချေ ။ အိပ်ရာထစမို့ ဆံပင်များမှာလည်း ရှုပ်ပွနေကာ မျက်နှာကလည်း အစ်တစ်တစ် ။

" ခဏဖြစ်ဖြစ် ပြန်အိပ်လိုက်ပါလား သန့်ရဲ့ ၊ ခြောက်နာရီခွဲလောက်မှထလေကွာ ၊ ငါ နှိုးပေးမှာပေါ့ "

" တော်ပြီ... ပြန်အိပ်ရင်လဲခဏပဲအိပ်ရမှာကို ပြန်မအိပ်တော့ပါဘူး ၊ မင်း တံမြက်စည်းလှည်းပြီးပြီလား "

" ဟင့်အင်း "

" အဲဒါဆို ငါ့ကိုခဏစောင့်နော် ၊ ငါ အမြန်မျက်နှာသစ်လိုက်အုံးမယ် "

" အင်း... လှေကားကဆင်းရင်လဲ သတိထားအုံး
သန့် ၊ အိပ်ချင်မူးတူးနဲ့ လှေကားပေါ်က ပြုတ်ကျမှာစိုးလို့ "

" အေးပါ...အေးပါ...အဲဒါဆို ငါ မျက်နှာသစ်လိုက်အုံးမယ် "

ခေါငျးညျိတျပွလိုကျတော့ သန့်က ပျင်းရိစွာဖြင့် တစ်ချက်သမ်းဝေပြီးမှ ပြတင်းပေါက်အနားမှထွက်သွားလေသည် ။ မည်သူမှမရှိတော့သည့် ပြတင်းပေါက်လေးကို အတန်ကြာငေးကြည့်ပြီးမှ ခန္ဓာကိုယ်ကိုနောက်သို့ပြန်လှည့်ကာ အခန်းထဲသို့ မျက်လုံးဝေ့ကြည့်မိ၏ ။ အိပ်ရာမှနိုးသည်နှင့် တစ်ခါတည်းအိပ်ရာသိမ်းတတ်သည့်အကျင့်ကြောင့် သူ့အိပ်ရာလေးမှာ စနစ်တကျ ၊ သပ်သပ်ရပ်ရပ် ။

သန့်၏အိပ်ရာကတော့ ခေါင်းအုံးတစ်နေရာ ၊ စောင်တစ်နေရာ ၊ ဖက်လုံးတစ်နေရာဖြစ်နေလိမ့်မည် ။ အခန့်မသင့်လျှင် ခေါင်းအုံးနှင့်စောင်များကို ကြမ်းပြင်ပေါ်မှ ပြန်ကောက်ချင်လည်း ကောက်ရပေလိမ့်မည် ။ သန့်က အိပ်ရေးသိပ်ကြမ်းသည်ဆိုတော့ ထိုသို့သောအခြေအနေမျိုး ဖြစ်မည်မှာ မလွဲဧကန်သာ ။

ကောင်း လှေကားမှဖြည်းဖြည်းချင်းဆင်းလာချိန် မေမေကလည်း မီးဖိုခန်းထဲမှထွက်လာပြီး သူ့ကိုမြင်သွားသည်နှင့်  မျက်ခုံးလေးပင့်သွား၏ ။

" မေမေက အခုပဲ သားကိုတက်ပြီးနှိုးတော့ဖို့ "

" ဟုတ်  မေမေ "

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now