Episode (40)

1.7K 103 43
                                    

Unicode

" နာနတ်သီးက ဒီညစားရင်စား... မဟုတ်ရင် မနက်ဖြန်စားမှကောင်းမှာနော် မွန် ၊ သီးမွှေးငှက်ပျောကတော့ ထားလို့ရသေးတယ် "

လက်ထဲရှိ အိတ်ထုပ်နှစ်ထုပ်ကို စားပွဲထက်တင်ရင်း မွန့်မျက်နှာကိုလည်း အကဲခတ်နေမိ၏ ။ မွန်က စားပွဲထက်ရှိ သစ်သီးအိတ်များကိုတစ်ချက်ကြည့်ပြီးမှ စိတ်မပါလက်မပါပုံဖြင့် ခေါင်းတစ်ချက်ညိတ်ပြလာလေသည် ။ လဲ့ အိမ်ထဲဝင်လာကတည်းက သန့်ကိုလည်း မတွေ့ရသေးပေ ။ ယခင်ကဆိုလျှင် သန့်က လဲ့ကိုတွေ့သည်နှင့် ကလေးတစ်ယောက်လိုမျိုး ပျော်ရွှင်တတ်သလို လဲ့ဘေးဘက်တွင် တပူးပူးတကပ်ကပ်နေတတ်၏ ။

" သန့်ကော "

" အိမ်ပေါ်မှာ "

ရေပက်မဝင်အောင်စကားပြောတတ်သည့် မွန်က သည်ရက်ပိုင်းမှာတော့ သိသိသာသာငြိမ်သက်နေ၏ ။ မျက်နှာမှာလည်း အတော်လေးချောင်ကျနေသလို သနပ်ခါးဝါဝါဝင်းဝင်းကိုလည်း မွန့်မျက်နှာထက်တွင် မတွေ့ရတော့ပေ ။ အဆင်မပြေနေမှန်းသိ၍ ပိုစိတ်မကောင်းဖြစ်ရပေသည် ။

" သင်္ကြန်တွင်း နင်တို့လင်မယား တရားစခန်းဝင်မှာလား "

" မဝင်ဖြစ်လောက်ဘူး လဲ့ ၊ ငါနဲ့ကိုသက် ဘုန်းကြီးကျောင်းသွားပြီးပဲ သီလယူလိုက်မယ် ၊ ကလေးတွေကို ငါ စိတ်မချဘူးဟယ် "

" အေးပါ... နင်တို့အဆင်ပြေသလိုလုပ်နော် ၊ ကိုသက်ကကော ဘယ်အချိန်ပြန်လာမလဲ "

" ကိုးနာရီလောက်မှသိမ်းလာမယ်လို့ ပြောတာပဲဟာ ၊ သင်္ကြန်နားနီးတော့ ဆေးဝယ်တဲ့သူတွေများတယ်လေ "

" အေးပေါ့...အေးပေါ့ ၊ ငါတို့လဲ အလုပ်တွေဖိလုပ်နေရတယ် မွန်ရဲ့ ၊ သင်္ကြန်ပိတ်ရက်မတိုင်ခင် အလုပ်တွေဖြတ်ရမှာလေ "

မွန်က လဲ့ကို ခေါင်းလေးစောင်း၍ကြည့်လာပြီးမှ လဲ့၏ပါးပြင်ကို လက်ဖြင့်တစ်ချက်ပွတ်လိုက်ရင်း သက်ပြင်းတစ်ချက်ချလေသည် ။

" နင့်မျက်နှာတွေ ကျသွားတယ် လဲ့ ၊ အားဆေးလေးသောက်အုံးဟယ် "

" အေးပါဟာ...ငါ့ကိုပဲစိတ်ပူမနေနဲ့ ၊ နင်လဲ နင့်ကိုယ်နင်ဂရုစိုက်အုံး ၊ တစ်ခုခုဆိုရင် ငါ့ကိုပြောနော်...မွန် "

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now