Episode (38)

1.1K 108 10
                                    

Unicode

ကျွန်တော်က ချစ်ခင်တွယ်တာရတဲ့လူတွေကို ရာသီဥတုလေးတွေနဲ့ ကိုယ်စားပြုပြီး မှတ်ထားတတ်တယ် ။ ကျွန်တော့်အတွက် ကောင်းသုတကျော်ဆိုတဲ့ကောင်လေးကတော့ ဆောင်းရာသီလိုဖြစ်တည်မှုလေးပေါ့ ။ ဆောင်းရာသီလေးမှာမှ ရန်ကုန်မြို့ရဲ့ဆောင်းရာသီလေးလိုမျိုး သိပ်ပြီးလဲမပူသလို သိပ်ပြီးလဲမအေးဘဲ နေလို့ကောင်းတဲ့ ရာသီဥတုလေး ။

ကျွန်တော်တို့နှစ်ယောက်ရဲ့တွေ့ဆုံမှုက ကျွန်တော်တို့ရဲ့အမေနှစ်ယောက်ကနေ စတင်လာတာ ။ တစ်ယောက်နဲ့တစ်ယောက် ညီအစ်မအရင်းတွေလိုမျိုးချစ်ကြတဲ့ အမေနှစ်ယောက်ကြောင့် ကျွန်တော်တို့နှစ်ယောက်ကလဲ အချင်းချင်းချစ်ကြတယ် ။ ကျွန်တော်က ကောင်းကိုချစ်သလိုမျိုး မေကလဲ ကောင်းကိုသိပ်ချစ်တယ် ။

ကောင်းက မေ့ရဲ့ဝမ်းမနာသားလေးလို့ မေက အမြဲပြောတတ်သလို သားအရင်းဖြစ်တဲ့ ကျွန်တော့်လိုမျိုးပဲ ကောင်းကို ချစ်ပေး ၊ ဂရုစိုက်ပေးတယ် ။ ပြောရမယ်ဆိုရင် ကောင်းက အရွယ်နဲ့မလိုက်အောင်ကို လိမ္မာသိတတ်တဲ့ ကလေးလေး ။ ကျွန်တော်ကသာ တစ်ခုခုလိုချင်ရင် ဂျီကျပြီးငိုယိုဆူပူတတ်ပေမဲ့ ကောင်းကတော့ တော်ရုံမငိုတတ်ဘူး ။ တစ်ခုခုကိုမကျေနပ်ရင်တော့ အဲဒီမကျေနပ်တာကို မျက်လုံးအကြည့်နဲ့ပဲ ဖော်ပြတတ်တဲ့ကောင်လေးပေါ့ ။

ကျောင်းမှာ ထမင်းစားရင်လဲ စကားမပြောဘဲစားပြီး ပါးစပ်တစ်ဝိုက်မှာမပေအောင် ၊ လက်တွေမှာမပေအောင် စနစ်တကျလေး စားတတ်သလို စားပြီးရင်လဲ ထမင်းချိုင့်ကို သေသေချာချာလေးပြန်ဆင့်တတ်တယ် ။ အိမ်မှာဆိုရင်လဲ စားပြီးသားပန်းကန်တွေကို ဘေစင်ဆီရောက်အောင် သူ့ဘာသာသူ သွားထားပေးတတ်တဲ့ ကလေးလေး ။

ကာတွန်းကားတွေကြည့်ပြီး ကျွန်တော်သာ တဟီးဟီးတဟားဟားရယ်ချင်ရယ်လိမ့်မယ် ။ ကောင်းကတော့ မရယ်တတ်သလိုမျက်နှာမျိုးနဲ့ ကာတွန်းကားကိုသာ ကြည့်နေတတ်တယ် ။ သူ့အနားကိုကပ်ပြီး အကျယ်ကြီးအော်ရယ်ရင် မျက်နှာကတည်သွားပြီးတော့ ကျွန်တော့်မျက်နှာကို ခပ်တည်တည်ကြည့်တတ်တာက ကောင်းရဲ့အကျင့် ။ အဲဒီလိုမျိုး ကောင်း ကျွန်တော့်ကိုကြည့်လာရင် ကြောက်သွားသလိုမျိုးဟန်လုပ်ပြီးတော့ ကြောက်ပြရသေးတယ် ။ မဟုတ်ဘူးဆိုရင် ကောင်းက ကျွန်တော့်ကိုစိတ်ဆိုးမှာလေ ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now