Unicode
" ကောင်း တီတီတို့ စကားပြောကြရအောင် "
ထိုစကားတစ်ခွန်းနှင့်အတူ ဘေးဘက်ရှိထိုင်ခုံအလွတ်တွင် ဝင်ထိုင်လာသည့် တီတီကြောင့် ကောင်း၏ခန္ဓာကိုယ်မှာ မတ်ခနဲဖြစ်သွားရသည် ။ တီတီ၏မျက်နှာသိပ်မကောင်းသည်ကို ကောင်း သတိထားမိကာ တီတီက ကောင်းကို ခဏခဏကြည့်နေသည်ကိုလည်း သိ၏ ။ သန့်က ကောင်း၏အနားတွင် အချိန်ပြည့်ရှိနေ၍သာ တီတီက အချိန်ကောင်းကိုစောင့်နေပုံရပြီး သန့် အိမ်ပေါ်ကိုတက်သွားသည်နှင့် တီတီက ကောင်း၏အနားသို့ ချက်ချင်းရောက်လာခဲ့သည် ။
ကောင်းက သတိအနေအထားဖြင့်ထိုင်နေသဖြင့် မွန် ကောင်း၏ပခုံးကို အသာအယာပုတ်ပေးလိုက်၏ ။ သန့်ထက်စာလျှင် ကောင်းက အရာရာတွင်ပိုရင့်ကျက်ကာ လူကဲခတ်လည်းသိပ်မြန်သည် ။ ထိုသို့ဖြစ်ရသည်မှာလည်း မိဘများနှင့်အတူတူမနေရဘဲ မွန်တို့လိုသူစိမ်းများဖြင့် အတူတူနေရခြင်းကြောင့် ဖြစ်ပေလိမ့်မည် ။
" ကောင်း "
" ဗျာ "
" သန့် ကျောင်းမှာ အဆင်ပြေရဲ့လား "
လက်သီးကိုဆုပ်၍ ဘေးဘက်သို့ခေါင်းစောင်းကြည့်မိတော့ တီတီက မေးလေးဆတ်ပြရင်း ပခုံးကိုနှစ်ချက်ထပ်ပုတ်ပြီးမှ လက်ကိုပြန်ဖယ်သွားသည် ။ သင့်တော်မည့်အဖြေက်ိုလည်း အသည်းအသန်စဉ်းစားရ၏ ။ သန့်က ထိုအဖြစ်အပျက်ကို တီတီသိသွားမည့်အရေး သိပ်စိုးရိမ်ကာ သူတို့သုံးယောက်ကိုလည်း လူကြီးများထံပြန်မပြောရဟု အကူအညီတောင်းထားသဖြင့် ဘေးကျပ်နံကျပ်အခြေအနေပင် ။
" သန့် တစ်ခုခုဖြစ်နေတာကို တီတီရိပ်မိတယ် ကောင်း ၊ ခက်တာက အဲဒီတစ်ခုခုက ဘာဆိုတာကို တီတီ သေသေချာချာမသိတာဘဲ ၊ အစားသိပ်ကြိုက်တဲ့ သန့်က အခုဆိုရင်ဘာမုန့်စားချင်ပါတယ်လို့ မပြောတော့ဘူး ၊ မနက်ဆိုရင်လဲ တီတီကျွေးတဲ့ မနက်စာကိုဟုတ်တိပတ်တိမစားဘဲ နေတယ် "
" ... "
" တီတီ့ကို တစ်ခုခုပြောပြသင့်တယ်လို့ ကောင်း မထင်ဘူးလား ၊ သန့်ကို တီတီ မသိမသာမေးကြည့်တယ် ကောင်း ၊ ဒါပေမဲ့ သန့်ဆီကနေ ဘာမှမဖြစ်ပါဘူးဆိုတဲ့ စကားတစ်ခွန်းပဲ တီတီပြန်ရတယ် ၊ ကောင်းလဲ သတိထားမိမှာပေါ့ ၊ သန့်ရဲ့ မျက်နှာဖောင်းဖောင်းလေးက ဒီရက်ပိုင်းအတွင်း သိသိသာသာကိုကျသွားတာ ၊ မျက်လုံးအောက်တွေလဲ ညိုနေတယ်ဆိုတော့ သန့်မှာ တော်တော်ကြီးတဲ့ စိတ်ဖိစီးမှုတစ်ခုခုရှိနေမှာကတော့ ကျိန်းသေပဲ ကောင်း "
YOU ARE READING
သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)
Romanceဒီဘဝတွင်တော့ သန့်မင်းဉာဏ်မှလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်ပါ... (ကောင်းသုတကျော်) ဒီဘဝတွင်တော့ သန့်မင်းဉာဏ်မှလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်ပါ... (ကောင်းသုတကျော်) 25/11/2022-----30/6/2023