Episode (48)

1.8K 118 14
                                    

Unicode

" ဒီပိုက်ဆံတွေကို ဘာလုပ်ရမှာလဲ ၊ ဒီသောက်ပိုက်ဆံတွေကို ငါ ဘာလုပ်ရမှာလဲ "

ပလတ်စတစ်အိတ်အနက်ထဲမှ ပိုက်ဆံထုပ်များကိုနှိုက်ယူပြီး နံရံဆီသို့ အားပြင်းပြင်းဖြင့်ပစ်ပေါက်လိုက်သည့်အခါ စည်းနှောင်ထားသည့်စက္ကူပတ်များမှာပြုတ်သွားသောကြောင့် ပိုက်ဆံများမှာ အခန်းထဲအနှံ့ပြန့်ကျဲသွားတော့၏ ။ အိတ်ထဲရှိသမျှပိုက်ဆံထုပ်များကိုပစ်ပေါက်ပြီးသည့်တိုင် ဒေါသစိတ်မှာ မပြေသေးပေ ။ နတ်ပူးသလိုမျိုးတစ်ကိုယ်လုံးမှာလည်းတုန်ခါလာပြီး ရင်ဘတ်ထဲတွင်လည်း အောင့်မျက်နေလေသည် ။

ရပ်ကွက်ရုံးမှခေါ်သဖြင့် မသွားမဖြစ်သွားရသည့်အခါ လက်ခံရရှိလာသည်မှာ ပိုက်ဆံထုပ်များနှင့် သန့်မင်းဉာဏ်၏အိမ်နားကို မသွားရန်အတွက် တားမြစ်ခြင်းသာ ။ သိပ်စိတ်မာလွန်းသည့် ဒေါ်မွန်မွန်ကြည်က သူ့ကို ရပ်ကွက်ရုံးသို့သွားပြီးတိုင်ထားသည့်အပြင် သန့်မင်းဉာဏ်၏အနားဝန်းကျင်သို့မလာရန်ပင် တားမြစ်ခိုင်းသေးသည် ။ ယောက်ျားလေးချင်းမို့ သဘောမတူပါဟုဆိုလျှင်ပင် ခံနိုင်သေးသော်လည်း ကောင်းသုတကျော်နှင့်သန့်မင်းဉာဏ် မညားမည်စိုး၍ သူ့ကို အသည်းအသန် အဝေးသို့နှင်နေသည်ကိုတွေးမိတိုင်း ခံပြင်းစိတ်ကြောင့် လူသတ်ချင်စိတ်များမှာတဖွားဖွား ။

မခံချင်စိတ်ကြောင့်ဇွတ်တိုးမည်ဆိုလျှင်လည်း မတော်တဆ ရဲစခန်းသို့ရောက်သွားပါက ထိုသတင်းသည် မာမီ့ဆီသို့ အနှေးနှင့်အမြန်ရောက်ရှိသွားပေလိမ့်မည် ။ ထိုအခါ ဂုဏ်သိက္ခာကို သိပ်အရေးထားသည့် မာမီ၏ဒေါသကိုဆွသလိုမျိုးဖြစ်ပြီး သူလည်း မြန်မာနိုင်ငံတွင်ဆက်နေ၍မရတော့ဘဲ စင်္ကာပူသို့ အတင်းအကျပ်ပြန်ခေါ်ခံရမည်မှာ မလွဲဧကန်သာ ။

အတွေးများမှာကစဉ့်ကရဲဖြစ်နေ​သလို ခြေလှမ်းများမှာလည်း မသေမသပ် ။ ခန္ဓာကိုယ်ပေါ်သို့ ပုရွက်ဆိတ်များတက်လာသလို ခံစားလိုက်ရသဖြင့် မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ကိုပွတ်ရင်း အာခေါင်ခြစ်ပြီး အားခနဲအော်ဟစ်မိ၏ ။ မနာလိုဝန်တိုစိတ်များသည် ဆံချည်မျှင်သွေးကြောများထိ စိမ့်ဝင်စီးဆင်းလေသောအခါ အပူသောကများမှာ ဦးခေါင်းထိပ်မှစပြီး ခြေဖျားထိပ်ထိ အလုံးအရင်းဖြင့်တိုက်ခိုက်ကြတော့သည် ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now