~1~

2.2K 115 35
                                    

~ 1 ~

အချစ်ဆိုတာဘာလဲလို့ မသိခင်အချိန်ကတည်းက ကျွန်တော်ဟာ လူတစ်ယောက်ရဲ့ အပိုင်လို့ သတ်မှတ်ခြင်း ခံထားခဲ့ရတယ်.....

ကျွန်တော့်ဘက်က တစ်ခါမှ မပြောဖူးပေမယ့်....

အဲ့ဒီ့လူဆီကနေ ထပ်ခါထပ်ခါ ကြားနေရတဲ့ စကားတစ်ခွန်း.....

" အရုပ်ကလေးကို ကိုယ်အရမ်းချစ်တာပဲကွာ " တဲ့

" ကိုယ့်ကို ပြန်ချစ်နိုင်အောင် ကြိုးစားနော် baby doll လေး " တဲ့

သူ ကျွန်တော့်ကို အမြဲတမ်းခေါ်တာက baby တဲ့..

တစ်ခါတစ်ရံ စိတ်လိုလက်ရရှိတဲ့အချိန် သူ စိတ်ကြည်နေတဲ့အချိန်မျိုးဆို အရုပ်ကလေး... baby doll လေး... လို့ ခေါ်တတ်တယ်.....

ကျွန်တော်က အရုပ်လေးနဲ့ တူလို့တဲ့......

ဟုတ်ပါတယ် ကျွန်တော်က သူခေါ်သလို အရုပ်ကလေးပါပဲ......

သူ ထားရာ နေ စေရာ သွား ရတဲ့ အရုပ်ကလေး....

ကျွန်တော့်ရဲ့ စိတ်ဆန္ဒဆိုတာ မရှိရဘဲ ကျွန်တော်ဘာဖြစ်ချင်နေလဲ ဆိုတာကို ပြောခွင့်မရှိဘဲ သူ့သဘော သူ့ဆန္ဒနောက်ကိုပဲ လိုက်ပြီး ရှင်သန်နေရတဲ့ သံပတ်ပေးခံထားရတဲ့ အရုပ်ကလေးတစ်ရုပ်ပေါ့.....

ကျွန်တော့်ကို ချစ်တယ် တစ်ဖွဖွပြောပေမယ့် ကျွန်တော့်အပေါ် နူးနူးညံ့ညံ့ ချိုချိုသာသာ ဆက်ဆံတာက ရှားပါးလွန်းလှပါတယ်......

အမြဲတမ်း ကျွန်တော့်ရဲ့နေထိုင်မှုပုံစံကို ကြည့်ပြီး အားမရမှုတွေနဲ့ ကြမ်းကြမ်း တမ်းတမ်း ဆက်ဆံတာတွေကသာ အများသားလား......

အဲ့လိုအပြုအမူတွေကြောင့်ပဲ ကျွန်တော်က အဲ့လူကိုပြန်ချစ်ပေးဖို့ထက် အဲ့လူကို ကြောက်ရတဲ့ စိတ်တွေကသာ ပို ပိုပြီး များလာခဲ့တော့တယ်.....

ဟုတ်တယ်.... ကြောက်တယ်...... အရမ်း ကြောက်တယ်..... ကျွန်တော် သူ့ကို တကယ်ကြီးကို ကြောက်နေမိတော့တာ.....

ကျွန်တော့်ကို သူ့အနားခေါ်ထားမှာ.....

သူ့ရဲ့ စူးရှရှမျက်ဝန်းတွေနဲ့ အလိုမကျစွာ ကျွန်တော့်ကို ကြည့်လိုက်မှာ......

လွန်  ( sunsunjay )Where stories live. Discover now