~ 35 ~
" ဒီနေရာက စိတ်ချရတယ် သားကြီး... ဒီထဲမှာပဲ ရက်နည်းနည်းလောက် အောင်းနေလိုက်...အပြင်က ကိစ္စတွေ ငါတို့ကြည့်ရှင်းလိုက်မယ် "
" ကျေးဇူးပါကွာ... ငါ မင်းတို့ ကျေးဇူးတွေကို ဘယ်လိုတောင် ပြန်ဆပ်ရမယ် မသိတော့ပါဘူး "
" ဟ.. တစိမ်းဆန်တဲ့ စကားတွေပြောနေပြန်ပြီ မင်း... မလိုတာတွေ မလုပ်နဲ့ ငါ့ကောင်... မင်းဘာသာမင်း သာ အဆင်ပြေအောင် နေ.... Jake ပြောသလိုပဲ အပြင်ကကိစ္စတွေ ငါတို့ တာဝန်သာထား ဟုတ်ပြီလား.... "
" အေးပါကွာ... "
" ဒါဆို ငါတို့ ပြန်မယ်... အရဲကိုးပြီး အပြင်တွေ မထွက်နဲ့ CEO Park က နေရာတိုင်းကို လက်လှမ်းမှီတာ သိတယ်မလား "
" စိတ်ချပါ... ဒီလို အခြေအနေ ရောက်မှတော့
ငါ အဆောကို သူ့လက်ထဲ ပြန်အရောက်မခံပါဘူး "" အေးပါ သားကြီး ... ဒါဆို ငါတို့ သွားပြီနော် "
စိတ်မချခြင်းတွေနဲ့ တစ်ယောက်တစ်ခွန်း မှာကြားနေပြီးမှ နှုတ်ဆက်ပြီး ပြန်သွားကြတဲ့ သူငယ်ချင်းနှစ်ယောက်ကို ကြည့်ပြီး Sunghoon စိတ်ထဲမှာ ကြည်နူးမိတာ အမှန်ပါ...
အဆောကို ခေါ်လာခဲ့ပြီဆိုတော့ CEO ရန်ကလွတ်အောင် ပုန်းခိုစရာနေရာ စဉ်းစားကြရင်း Jake က သူ့ Cousin တစ်ယောက်ရဲ့ အိမ်ကို ခေါ်လာပေးခဲ့ခြင်း ဖြစ်သည်။
လောလောဆယ် Jake ရဲ့ Cousin က korea မှာမရှိ။ LA သွားနေခြင်းကြောင့် အိမ်က လွတ်နေကာ Sunghoon တို့နေရန် အသင့်ဖြစ်သွားပြီး Seoul မြို့နဲ့ အနည်းငယ်အလှမ်းဝေးခြင်းကြောင့်လဲ CEO Park အလွယ်တကူ ရှာတွေ့မည်မဟုတ်။
လိုအပ်လျှင် သူတို့လာခဲ့မည်ဖြစ်ပြီး အပြင်မထွက်ရန်လဲ သေချာ မှာကြားနေကြသေးတာလေ...
အရေးကြီးတိုင်း သွေးနီးခဲ့ကြတဲ့ တကယ့် ညီကိုလို သူငယ်ချင်းတွေမလား...
ဒီလို သူငယ်ချင်းတွေ ဘေးနားမှာ ရှိနေတာ သူ့အတွက် တကယ်ကို ကံကောင်းလှပါသည်။
![](https://img.wattpad.com/cover/320447699-288-k865928.jpg)