~ 10 ~

749 78 39
                                    

~ 10 ~

ကျောင်းကနေ ပြန်လာတဲ့ လမ်းတစ်လျှောက် Sunoo ရဲ့ နှုတ်ခမ်းပါးလေး ကော့ညွတ်ကာ မျက်နှာလေးဟာ ပြုံးယောင်သန်းနေခဲ့တယ်။

သူပြောခဲ့တဲ့စကားကို သေချာနားမထောင်ဘဲ နှုတ်ဆက်သွားတယ်ပဲ ထင်ပြီး မျက်နှာကြီးရှုံ့မဲ့ကာ ကျန်နေခဲ့တဲ့ Sunghoon ပုံစံကြီးက တကယ် ရယ်စရာ...

အဆော...တဲ့

သူ မို့လို့ ကြံကြံဖန်ဖန်ကွယ်....

ကြားရတာ နားထဲမှာ တမျိုးဖြစ်နေပေမယ့်လဲ ဘယ်သူမှ မခေါ်ဖူးခဲ့တဲ့ အခေါ်အဝေါ်လေးမို့ သဘောတော့ကျမိသား...

သူငယ်ချင်းဆိုလို့ Jungwon တစ်ယောက်သာ ရှိခဲ့တဲ့ Sunoo အဖို့ Sunghoon တို့သူငယ်ချင်း သုံးယောက်ရဲ့ ပေါ့ပါးလွတ်လပ်တဲ့ ဟန်ပန်လေးတွေကို သဘောကျနေမိပါသည်။

ပုံစံလေးတွေက free style လေးတွေနဲ့ အချင်းချင်း စလိုက်နောက်လိုက် ရယ်စရာတွေပြောလိုက်နဲ့ ဒီလိုပုံစံမျိုးတွေကို Sunoo အားကျတယ်။

ကိုယ့်အ​ခြေအနေကိုသိလို့ တစိမ်းတွေနဲ့ အပေါင်းအသင်းမလုပ်ခဲ့ပေမယ့်လည်း Sunghoon တို့သုံးယောက်ကိုတော့ဖြင့် တကယ် ခင်ပါသည်။

ဒီလိုနဲ့ Sunoo လေးရဲ့ ဘဝမှာ လူအသစ်တွေတိုးလာခဲ့တော့တယ်....

ကျောင်းကနေ အိမ်ကိုပြန်ရောက်တော့ တစ်အိမ်လုံးဟာ တိတ်ဆိတ်လို့...

မေမေ့ကိုလဲ မတွေ့သလို ညီမလေးလဲ အခန်းထဲမှာ မရှိတာကြောင့် မေမေ့ဆီကို ဖုန်းဆက်ကြည့်လိုက်သည်။

" မေမေ ဘယ်ရောက်နေတာလဲ "

"သားရေ မေမေ အခု ဆေးရုံမှာ...သား ညီမလေး သိပ်နေလို့မကောင်းလို့ မေမေ ဆေးလာပြတာ "

" မေမေကလဲ ညီမလေး နေမကောင်းဖြစ်နေတာကို ဘာလို့ သားကို လှမ်းမခေါ်တာလဲ "

" သာမာန်အဖျားလောက်ပါပဲ သားရဲ့... စိုးရိမ်စရာမလိုဘူး ...သားလဲ ကျောင်းတက်နေရတာကြောင့် မေမေ မခေါ်တော့တာ "

လွန်  ( sunsunjay )Where stories live. Discover now