~ 33 ~
" သား..."
တောက်!!!
" ဘယ်လို ဧည့်သည်တွေ ခေါ်လာတာလဲ အတွင်းရေးမှူး Lee "
တောက်ခေါက်သံအဆုံး အံကြိတ်၍ ခပ်ဆတ်ဆတ်လေး မေးလိုက်တဲ့ Jay စကားကြောင့် အတွင်းရေးမှူး Lee မျက်နှာပူစွာ CEO ရဲ့ အဖေကို လှည့်ကြည့်လိုက်ရသည်။
Mr.Park ကတော့ သူ့အပေါ် စိတ်ဆိုးနေတဲ့ သားဖြစ်သူအပေါ် အလုံးစုံ နားလည်ထားတဲ့ မျက်ဝန်းတွေနဲ့ ငေးကြည့်နေဆဲ...
" မတွေ့မဖြစ် တွေ့ရမှာမို့ ကျွန်တော် ခေါ်လာမိတာပါ CEO... ဟို..CEO မကျေနပ်ရင်.. "
" ဒယ်ဒီ တောင်းဆိုလို့ သူက ခေါ်လာပေးတာပါ သား... "
" ခင်ဗျားကို မမေးဘူး... ကျုပ် ဝန်ထမ်းကိုပဲ ကျုပ်မေးနေတာ.... ခင်ဗျား ဝင်ပြောစရာ ဘာအကြောင်းမှ မရှိဘူး "
" CEO... "
အဖေတစ်ယောက်အပေါ်မှာ ရင့်သီးတဲ့ စကားလုံးတွေ သုံးနှုန်းနေတဲ့ အတွက် Heeseung သတိပေးဖို့ အလောတကြီး ခေါ်လိုက်ပြီး
" ဒါ CEO ရဲ့ အဖေလေ ... ဘယ်လောက်ပဲ စိတ်ဆိုးဆိုး အဲ့လို မပြောရဘူးလေ "
" ဘာ အဖေလဲ ... ဘယ်လို အဖေလဲ ကျုပ်မှာ သူလို အဖေမျိုး မရှိဘူး...ကျုပ်ဘဝအတွက် အဖေဆိုတဲ့လူ မရှိတော့တာ ကြာလှပြီ... ကျုပ်ဘဝထဲမှာ အဲ့လူက ဟိုးအရင်ကတည်းက သေဆုံးသွားခဲ့ပြီ "
" သား ဒယ်ဒီ့ကို စိတ်နာနေမယ်ဆိုတာ ဒယ်ဒီ သိပါတယ်.. "
" သိတယ်ဆိုရင် ဘာလို့ ခုချိန်ကျမှ ပေါ်လာခဲ့သေးလဲ... ကျုပ်နဲ့ ကျုပ်အမေ ခင်ဗျားကို လိုအပ်ပါတယ်ဆိုတဲ့အချိန်တုန်းကကျတော့ လျစ်လျူရှု ထားခဲ့ပြီး ဘာလို့ အခုချိန်ကျမှ ကျုပ်ရှေ့မှာ ပေါ်လာရတာလဲ... ကျုပ် ခင်ဗျားကို အလိုမရှိဘူးမို့ ကျုပ်ရှေ့က ထွက်သွားလိုက်ပါ "
" သား..."
" မကြားချင်ဘူး!!... မခေါ်နဲ့!! "
CEO က ဒေါသနဲ့ ခက်ထန်နေသလောက် CEO ရဲ့ အဖေကတော့ လေသံအေးအေးနဲ့သာ သူ့သားကို ဖျောင်းဖျနေလေသည်။
![](https://img.wattpad.com/cover/320447699-288-k865928.jpg)