~ 40 ~

455 44 19
                                    

~ 40 ~

Jay တို့အဖွဲ့တွေ Jake ပြောလိုက်တဲ့ လိပ်စာအတိုင်း ရောက်သွားချိန်မှာတော့ မှောင်ရီပျိုးစ ပြုနေပေပြီ။

တစက္ကန့်လေးမှ အချိန်မဆိုင်းချင်တော့တဲ့ Jay ကတော့ Sunghoon တို့ အခန်းရှိရာအထပ်ကို မအားတဲ့ ဓာတ်လှေကားကို ရပ်စောင့်မနေနိုင်တာကြောင့် လှေကားကနေသာ တလွှားလွှားနဲ့ တက်လို့သွားလေသည်။

သူ့နောက်မှာတော့ Leo နဲ့ တခြား Bodyguard နှစ်ယောက်က ထပ်ချပ်မကွာပေါ့။

အခန်းရှိရာကို နီးကပ်လာလေ Jay ရဲ့ စိတ်တွေ လှုပ်ရှားလာလေ။

ဘာလို့လဲ... ငါ ဘာလို့ စိတ်တွေ လှုပ်ရှားနေရတာလဲ... ငါ မပီသအောင်လေ။

ဘေဘီ့ကို ပြန်တွေ့ရပြီမို့ စိတ်လှုပ်ရှားတာလား...

ဒါမှမဟုတ်...

ညီ ပါလို့ သိရပြီးမှ Park Sunghoon နဲ့ ပထမဆုံးအကြိမ် မျက်နှာချင်း ဆိုင်ရမှာမို့လို့လား...

တစိမ်းတရံစာ လို့ သိထားတုန်းကတော့ Park Sunghoon ကို ပြန်တွေ့ရင် အဆိုးဆုံး အခြေအနေတွေနဲ့ ပေးတွေ့လိုက်ဖို့ တွေးထားပေမယ့်...

ခုလို သူ့ညီပါဆိုတဲ့ အခြေအနေကြီးမှာ သူ ဘယ်လို ဆက်ဆံရမှာလဲ...

စဉ်းစားရ ခက်လှပါသည်။

တဖြည်းဖြည်း အခန်းနဲ့နီးလာလေ သူ့ရဲ့ ခြေထောက်တွေက လေးလံပြီး နှေးကွေးလာလေ။

အခန်းရှေ့ကို ရောက်ရှိနေသည့်တိုင်အောင် တံခါးဖွင့်မယ့် လက်တွေဟာ တုံ့ဆိုင်းနေလေရဲ့။

အခန်းထဲမှာ ရှိနေမယ့် ကောင်လေးနှစ်ယောက်ကရော...

ခုချိန် ဘာတွေ လုပ်နေမလဲ။

Jay လိုက်လာတာကိုမှ သိပါလေစ။

ဟုတ်ကဲ့ သူတို့ဟာလဲ သူတို့ဆီကို ရောက်လာမယ့် Jay ကို ဧည့်ခန်းမှာ ထိုင်လျှက် စောင့်နေကြခြင်းသာ ဖြစ်ပါတယ်။

လွန်  ( sunsunjay )Where stories live. Discover now