ဇာတ်လမ်း အနှစ်ချုပ်

458 31 4
                                    

💙


// စာလေးကို ဆုံးအောင်ဖတ်ပေးကြပါနော်... နောက်ဆုံးမှာ ခင်ဗျားလေးတို့ ဝမ်းသာစရာ စကားလေး ပါတယ် //

ကျွန်တော်တို့ ဖတ်ခဲ့ကြတဲ့ Fic လေးရဲ့ နာမည်က  " လွန် " တဲ့...

ဟုတ်ပါတယ် " လွန် " ပါ။

အားလုံးလဲ သိကြတဲ့အတိုင်းပေါ့ ကြိုးတစ်ချောင်းကို အလယ်မှာထားပြီး ဟိုဘက်ဒီဘက် ( နှစ်ဘက်) အပြိုင်အဆိုင် ဆွဲကြတာကို ကျွန်တော်တို့ လွန် ဆွဲ တယ်လို့ ခေါ်ကြတယ်မလား...

ကျွန်တော့် " လွန် " လေးထဲမှာကျတော့ လူ သုံးယောက်က လွန် ဆွဲပါတယ်။

ကြိုးတစ်စကို ဆွဲပါတယ်။

ကြိုးတော့ ကြိုးပဲ...

ဒါပေမယ့် သံယောဇဉ်ကြိုးတွေ ၊ အချစ်ကြိုးတွေ ပေါ့ဗျာ...

နှလုံးသား တစ်စုံကို အလဲအထပ်ပြုလို့ ဆွဲကြတဲ့ ကြိုးတွေပေါ့....

ဒီ ပြိုင်ပွဲလေးမှာ -

ဘယ်သူတွေ နိုင်ခဲ့လဲ...?

ဘယ်သူတွေ ရှုံးခဲ့လဲ...?

ဒါကိုတော့ ခင်ဗျားလေးတို့ ကြိုက်သလို သတ်မှတ်လို့ရပေမယ့် ကျွန်တော့်ရင်ထဲမှာတော့ ဘယ်သူမှ မနိုင်ခဲ့သလို ဘယ်သူမှလဲ မရှုံးခဲ့ပါဘူး။

ချစ်ရသူ အဆင်ပြေပြေနဲ့ ပျော်နေဖို့အတွက်ဆို အနစ်နာခံခြင်းတွေ စွန့်လွှတ်ခြင်းတွေကို စတေး၊ ပန်းခင်းလမ်းကို ဖောက်ပေးလို့ သူတို့တွေ အစွမ်းကုန် ချစ်ပြသွားကြတယ်မလား...

ချစ်ခြင်းမေတ္တာတွေမှာ အနိုင်အရှုံးဆိုတာ မရှိပါဘူးဗျာ...

ဒါဆို ပထမဆုံး ကျွန်တော်တို့ရဲ့ Main Character ကြီးဖြစ်တဲ့ CEO ကြီးရဲ့ စိတ်ထဲကို ဝင်ကြည့်ကြရအောင်လား...

Intro မှာကတည်းက ပြောခဲ့တဲ့အတိုင်းပေါ့ အနိုင်ရဖို့ဆို ဘာမဆိုလုပ်တယ်၊ သူပိုင်ဆိုင်တဲ့အရာတွေကို ထိပါးတာ မကြိုက်ဘူး။

ဟုတ်တယ် တကယ်လဲ မကြိုက်ခဲ့ဘူး။

သေးသေးလေး ထိမိရင်တောင် အကြီးကြီး တုန့်ပြန်တတ်တာ CEO ပါ...

ဒီ ဇာတ်လမ်းမှာ သူ ကပြသွားခဲ့တာ အရမ်းမိုက်တယ်။

သူ့ဘေဘီလေးကို အလျှော့ အတင်းတွေနဲ့ ချစ်ပြသွားခဲ့တယ်။

လွန်  ( sunsunjay )Where stories live. Discover now