~ 20 ~
နှင်းဆီခင်းကြီးထဲက ကျောက်သားထိုင်ခုံ ဖြူဖြူ
လေးပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်ပြီး တွေးငေးနေတဲ့ ဘေဘီ့ကို Jay သုံးထပ်က မှန်ပြတင်းတစ်ခုကနေ ကြည့်နေတာ ကြာပြီ။ခုတလော ဘေဘီ ငြိမ်နေတယ်။
ကျောင်းကိုလဲ အရေးကြီးတဲ့ အတန်းချိန်ရှိမှသာ သွားပြီး သင်ပြီးတာနဲ့ ချက်ချင်းအိမ်ပြန်လာပြီ။
အရင်လိုလဲ အပြင်တွေ သွားလာတာ မရှိသလို၊ Park Sunghoon နဲ့ သွားတွေ့တာလဲ မမြင်။
လတ်တလောမှာ မျက်နှာလေးလဲ မကောင်းဖြစ်နေကာ တစ်ခါတစ်ရံဆို တစ်ခုခုကို အလိုမကျဖြစ်နေပြီး တစ်ချို့ရက်များမှာတော့ ငေးငေးငိုင်ငိုင်။
တစ်ခါတစ်လေ တစ်ခုခုကို တွေးနေသလိုမျိုး ခေါင်းလေးယမ်းလိုက် သက်ပြင်းလေးချလိုက်။
ဖြစ်နိုင်ရင် Jay ဘေဘီ့ရဲ့ အတွေးတွေထဲကို ခဏလောက် ဝင်ကြည့်ချင်မိတယ်။ ဒီခေါင်းလှလှလေးထဲက ဦးနှောက်လေးထဲမှာ ဘယ်လိုအတွေးတွေ ရှိနေမလဲလို့။
တစ်ခုရှိတာကတော့ ဘေဘီ့အတွေးတွေထဲမှာ Park Sunghoon ဆိုတဲ့ ချာတိတ် ရှိမနေစေဖို့။
သူ သိခဲ့တယ်...
ဘေဘီနဲ့ Park Sunghoon ရဲ့ လှုပ်ရှားမှု မှန်သမျှကို။
Leo ကို လွှတ်ထားတာ အလှ လိုက်ကြည့်ဖို့မှ မဟုတ်ဘဲ။
ဘေဘီ့ နှုတ်က တစိမ်းတရံ ယောကျာ်းလေးတစ်ယောက်ရဲ့ နာမည်ကို ပထမဆုံး ကြားလိုက်ရကတည်းက သူ့သတိအာရုံတွေက နိုးကြားသွားခဲ့တာ။
ဘယ်နေရာမှ အလွတ်ပေးခဲ့တာ မရှိဘူး။
Sunghoon အမေရဲ့ နှစ်ပတ်လည်နေ့မှာ ဘေဘီ အဲ့ကောင်လေးနဲ့ သွားလာတာတွေ။
ဒီကောင်လေး အိမ်ကို ဘေဘီ လိုက်သွားတော့ ကျန်တဲ့ သူငယ်ချင်းတွေ အကုန်ပြန်ထွက်သွားပြီး ဘေဘီနဲ့ အဲ့ကောင်လေးပဲ အထဲမှာ အချိန်တွေ အကြာကြီး ကျန်နေခဲ့တာတွေ။
Skate ကွင်းကို လိုက်သွားခဲ့တာတွေ။
ကုန်ကုန်ပြောမယ်
ကျောင်း ခေါင်မိုးထပ်မှာ ဘေဘီနဲ့ အဲ့ကောင်လေး ဖြစ်ပျက်ခဲ့တာတွေ အထိ သူ သိနေပါတယ်ဆို ခင်ဗျားတို့ ယုံမလား။
![](https://img.wattpad.com/cover/320447699-288-k865928.jpg)