ကျေးဇူးတင်လွှာ

189 19 0
                                    


Hello ကျွန်တော့်ရဲ့ အားဆေးလေးတွေရေ...

ကျွန်တော်တို့တွေ '' လွန် " ဆိုတဲ့ ခရီးရှည်ကြီးတစ်ခုကို အတူတူ လျှောက်လှမ်းလာခဲ့ကြတာ အချိန်တွေလဲ အတော်လေးကို ကြာသွားခဲ့ရတယ်နော်...

ဒီ ခရီးရှည်ကြီးမှာ ခင်ဗျားလေးတို့ဟာ ကျွန်တော် လမ်းတစ်ဝက်နဲ့ အားပြတ်မသွားအောင် အားလျော့မသွားအောင် တက်တက်ကြွကြွနဲ့ စာတွေ ရေးနိုင်အောင် ဆွဲခေါ်ပေးခဲ့ကြတဲ့ အားဆေးလေးတွေပါပဲဗျာ...

Overthinking သမားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ စိတ်ဓာတ်တွေ ကျလွယ် တက်လွယ်ဗျ။

ပေါက်ကရတွေလဲ လျှောက်တွေးတာရယ်။

အပိုင်းသစ်လေး တစ်ပိုင်းတင်လိုက်လို့ တွေ့နေကျသူလေးတွေကို မတွေ့ရင် မန့်နေကျသူလေးတွေ လာ မမန့်ရင် viewer လေးတွေ လျော့သွားရင် ** ငါရေးတာက မကောင်းလို့လား...သူတို့ မကြိုက်ကြဘူးလား... ဘာတွေ လိုအပ်နေလို့ပါလိမ့် ** နဲ့ အတွေးတွေများပြီး မစားနိုင် မအိပ်နိုင်ရယ် 😁

ဒါပေမယ့်လည်း ကျွန်တော့်အားဆေးလေးတွေကို ကျွန်တော့်ကို ပစ်မထားကြပါဘူး...

ချစ်စရာကောင်းစွာ စ လယ် ဆုံး အတူရှိပေးကြတယ်။

လိုအပ်ချက်တွေ ဟာကွက်တွေ အများကြီးနဲ့ ကျွန်တော့်ဖန်တီးမှုလေးကို ချစ်ပေးကြတယ်။

အဲ့အတွက် တကယ်ကို စိတ်ရင်းနဲ့ ကျေးဇူးတင်နေရပါတယ်။

တချို့ကလေးတွေက " My Sunshine " မှာငတည်းက အတူရှိခဲ့ကြတယ်။

တချို့ကလေးတွေက " နှောင်းအတိတ်ဆီက မောင် " လေးမှာ ရောက်လာကြတယ်။

တချို့ကတော့ " လွန် " ကျမှ ကျွန်တော့်ကို သိကြတာပေါ့လေ။

ဘယ်လိုပဲဖြစ်ဖြစ် အတူရှိပေးခဲ့ကြတာကို ကျေးဇူး တင်လို့ မဆုံးပါဘူး။

ကျွန်တော် ရေးလို့ ခင်ဗျားတို့ ဖတ်တာမဟုတ်ဘူး...ခင်ဗျားတို့ ကျွန်တော့်စာတွေ လာဖတ်ပေးကြလို့ ကျွန်တော်က စာတွေ ရေးနိုင်နေတာပါ။

လိုအပ်ချက်အများကြီးနဲ့ ကျွန်တော့်ကို အပြစ်မမြင်ဘဲ ကျွန်တော့်ဖန်တီးမှုလေးတွေကို အားပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျွန်တော် ဒီနေရာကနေ ကျေးဇူးတင်စကားလေး ဆိုချင်ပါတယ်ဗျာ

ပြီးတော့ နောက်ထပ် နောက်ထပ်သော ဖန်တီးမှု လက်ရာလေးတွေမှာလဲ ဆက်လက်ပြီး အတူရှိပေးကြပါအုံးလို့ တောင်းဆိုရင်း

ကောင်းသထက်ကောင်းတဲ့ လက်ရာတွေ ဖန်တီးနိုင်ဖို့ ကြိုးစားပါ့မယ်လို့လဲ ကတိပေးရင်း...

Yours San Htarni

လွန်  ( sunsunjay )Where stories live. Discover now