~ 34 ~
တကယ်တမ်း ကျွန်တော် သိချင်နေတာတွေရဲ့ အဖြေကို မေမေ့ဆီက မရခဲ့ပါဘူး...ပစ္စည်းတွေ ထည့်ထားတဲ့ ပုံးလေးကို မေမေ့ရှေ့ယူပြပြီး မေးလိုက်တဲ့ အချိန်မှာပဲ မေမေ့မျက်နှာပေါ်က ဖြစ်ပျက်သွားတဲ့ အမူအရာတွေဟာ ပုံစံတွေ မျိုးစုံသွားသလိုပါပဲ...
ပြီးတော့ မေမေ သူ့ကို ကြည့်လာတဲ့ အကြည့်တွေ...
အဲ့ဒီ အကြည့်တွေထဲမှာ တောင်းပန်နေဟန်တွေ အားနာနေဟန်တွေ အပြည့်နဲ့ပေါ့...
ပြီးတော့ သနားသလိုအကြည့်တွေ။
နောက်ဆုံး ဘာကိုမှ အဖြေမပေးဘဲ သူ့ကို ဖက်ပြီး ငိုချလိုက်တဲ့အခါ သူ့စိတ်ထဲက သံသယတွေ ပိုပြီးကြီးထွားလာတယ်...
** အခုချိန်မှာ မေမေ့ကို ဘာမှ မမေးပါနဲ့ သားရယ်တဲ့...
သား သတိရလာတဲ့ တစ်နေ့ အရာအားလုံးသိလာရမှာပေါ့ တဲ့ **
သူ ရှာရမယ့် ပုစ္ဆာရဲ့အဖြေဟာ ဘယ်လိုထွက်လာမယ်မသိပေမယ့် စိတ်ဝင်စားဖို့ကောင်းနေမှာတော့သေချာနေပါပြီ။
အဲ့ဒီ့အချိန်ကတည်းက လက်စွပ်လေးကို တစိမ့်စိမ့်ကြည့်ရင်း ဦးနှောက်ကို အလုပ်ပေးကာ စဉ်းစားပြီးရင်း စဉ်းစား အဖြေရှာနေပေမယ့် ခေါင်းတွေကိုက်လာတာသာ အဖက်တင်ပြီး ဘာမှ ထူးခြားမလာခဲ့တော့။
ဒါကြောင့် အဖြေအတွက် အကူအညီဖြစ်မယ်ထင်တဲ့ လက်စွပ်လေးကို သူ ဆွဲကြိုးလေးနဲ့တွဲပြီး လည်ပင်းမှာ ဆွဲထားလိုက်တယ်...
ပြီးတော့ အိပ်မက်ထဲမှာ တွေ့နေရတဲ့ ပါးချိုင့်လေးကိုလဲ မေ့မသွားအောင် မျက်လုံးထဲမှာ အထပ်ထပ် ပုံဖော်ရင်းပေါ့...
အဲ့ဒီနောက်မှာတော့ ဖြောင့်စင်းနေတဲ့ နှာရိုးလေးဘေးက မှဲ့နက်ကလေး...
ဒါတွေဟာ မောင့်ရဲ့ သင်္ကေတတွေလို့ မှတ်ယူလိုက်တဲ့အခါ သူ့အာရုံထဲမှာ ပြတ်ပြတ်ထင်ထင်ပါပဲ...
ထပ်ပြီး စဉ်းစားကြည့်လို့ မရတော့ပေမယ့် ဒါတွေနဲ့တင် အဖြေရှာဖို့ လုံလောက်မယ် ထင်ပါတယ်လေ...
.
.
.ဒီနေ့ ဝတ်စုံသွားကြည့်ရမယ့်နေ့...
Jay ကိုယ်တိုင် လာခေါ်မယ် ဖုန်းဆက်ထားတော့ လာရင် အဆင်သင့် ဖြစ်နေစေဖို့ သူ ချက်ချင်းပဲ ရေချိုးခန်း ဝင်လိုက်သည်။
![](https://img.wattpad.com/cover/320447699-288-k865928.jpg)