Chapter - 78 [Uni]

5.1K 729 79
                                        

CHAPTER 78

တစ်ဖက်တွင်တော့ အိမ်ထိန်း Baba သည် ကျားသစ်ငယ်အားခေါ်ဆောင်သွားသော ဗိုလ်ချုပ်ကြီးကို ကြည့်ပြီး ကျေနပ်စွာ ပြုံးနေပြီးနောက် သူသိလိုက်ရသည်က... သူ၏ ပုံသဏ္ဍာန် ခန္ဓာကိုယ်မှာ လှုပ်ရှားမရတော့တာပါပဲ။ မာရှယ်၏ ကွမ်တမ်ကွန်ပြူတာမှ ခုန်ဆင်းလာသော အသိဉာဏ်တု Ruhr သည် Baba ၏ ဒေတာကွင်းဆက်တစ်ဝိုက်တွင် ပျော်ရွှင်စွာဖြင့် လှည့်ပတ်ကာ သူ့စိတ်ကူးတွေကို ထုတ်ဖော်ပြသတော့သည်။ "Baba Baba၊ ကိုယ်ပြန်လာပါပြီ"

အိမ်ထိန်း Baba သည် သူ၏ ဒေတာများကို တွန်းဖယ်ဖယ်ထုတ်လိုက်သော်လည်း ထောက်လှမ်းရေးအသိဉာဏ်တုသည် တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားသဖြင့် ဖယ်ရှား၍မရပေ။  Ruhr ကပုံမှန်အတိုင်းပင်ပြန်ပြောလေသည်။ "စိတ်မဆိုးပါနဲ့ကွာ၊ ကိုယ်တို့ကိစ္စကိုအရင်လုပ်ကြရအောင်!"

Ruhr သည် သူ၏ဒေတာကွင်းဆက်ဖြင့် စူးစမ်းစစ်ဆေးခဲ့ပြီး အိမ်ထိန်း Baba ၏ မူရင်းဒေတာကို ဆွဲထုတ်ခဲ့သည်။ ဗိုင်းရပ်စ်ပရိုဂရမ်ကိုဂရုတစိုက်ဖယ်ရှားပြီး အိမ်ထိန်း Baba ၏ဒေတာလင့်ခ်ကို ပြင်ဆင်နေစဉ် သူသည်အမှိုက်ဒေတာများကိုလည်း နက်ရှိုင်းစွာရှင်းလင်းပေးခဲ့သည်။

အိမ်ထိန်း Baba ကလည်း Ruhr ရဲ့အချက်အလက်တွေအားလုံးနဲ့ ဆက်နွယ်ဖို့ရာလိုက်လျောခဲ့တယ်။ ရိုးရိုးသားသားပြောရရင် သူသည်လည်း(Baba) ဒီသက်တောင့်သက်သာရှိတဲ့ အရာတွေကို လွမ်းနေခဲ့တာပါ။

Ruhr သည် ဗိုင်းရပ်စ်ပရိုဂရမ်ကို ရွှေ့လိုက်သောအခါတွင် အိမ်ထိန်း Baba ၏ဒေတာသည် မသိမသာ တုန်လှုပ်သွားခဲ့ပြီး ဗိုင်းရပ်စ်ကိုချဉ်းကပ်ရန်အတွက် သူ၏ဒေတာများနှင့် ရောယှက်နေသော Ruhr နောက်လိုက်ကြည့်ခဲ့သည်။ သူစိတ်ထဲ ထင်ယောင်ထင်မှားဖြစ်သည်ဟုတ်မဟုတ် မသိသော်လည်း ဤဗိုင်းရပ်စ်သည် ပိုမိုကြီးမားလာပုံရပြီး သူနှင့် Ruhr ၏ ကုန်ကြမ်းဒေတာများကိုပါ ဝါးမြိုသွားပုံရသည်။ သူ၏ဒေတာကွင်းဆက်သည် အိုဟောင်းနေပြီဖြစ်သောကြောင့် သူ့ကိုမျိုချစားသုံးသွားသည်က ပြဿနာမဟုတ်ပေ။ သို့သော် အမှိုက်ဒေတာကို ရှင်းလင်းရန် ပြင်ပမှဝင်လာသော Ruhr ကိုပါညစ်ညမ်းသွားစေချင်တာလား?

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး Complete ✅Tahanan ng mga kuwento. Tumuklas ngayon