Part (1)

308 12 1
                                    

ကနေ့တွင်တော့ အလုပ်စောစောဆင်းရပေသည်။
အလုပ်ခွင်ပြင်ပသို့ရောက်သည်နှင့် လူက အလိုလို ကြည်လင်လန်းဆန်းသွားရ၏။နားကြပ်ကို နားမှာတပ်ရင်း သီချင်းနားထောင်ကာ ကားမှတ်တိုင်ရှိရာသို့ လျှောက်လာခဲ့သည်။သို့ရာတွင် ပြင်းပြသော စားချင်သောက်ချင်စိတ်တစ်ခုကြောင့် လမ်းကြားတစ်ခုထဲဝင်လိုက်ပြီး လမ်းဘေးစားသောက်ဆိုင်တလျှောက် ငေးမောကြည့်လာခဲ့သည်။

မိုးချုပ်စဖြစ်တာကြောင့် မုန့်သည်နှင့်စားသောက်ဆိုင်တွေက စုံလှသည်။
သူကတော့ ထိုင်မစားချင်တာကြောင့် ပေါက်စီနှစ်လုံးကို ကြက်သားတစ်လုံးဝက်သားတစ်လုံးဝယ်ပြီး တွန်းလှည်းကလေးနှင့်လိုက်ရောင်းနေသည့် အုန်းသီးမုန့်ဖက်ထုပ်ကို တစ်ထောင်ဖိုးငါးထုပ်ဝယ်ပစ်လိုက်သည်။လမ်းလျှောက်နေလျက် ပေါက်စီစားရင်း ညနေစာချက်ဖို့ စဉ်းစားကာ ရှာဖွေရသေးသည်။

ကန်စွန်းရွက်ပဲကြော်လျှင်ကောင်းမလား ၊ ကြက်ဥပဲကြော်လျှင်ကောင်းမလားနှင့်ဟင်းသီးဟင်းရွက်တန်းကိုကျော်လာခဲ့လေ၏။အသားကတော့ လကုန်ခါနီးဖြစ်၍ အောင့်အီးထားလိုက်တော့သည်။

စဉ်းစားတွေးတောပြီး ရွေးချယ်ရင်းနဲ့ဘာမှမဝယ်ဖြစ်တော့ဘဲ မှတ်တိုင်ကိုရောက်လာလေသည်။ကားက အဆင်သင့်ရောက်မနေပါချေ ၊ သူစီးရမည့်ကားမှာ အမြဲတမ်း နာရီဝက်လောက်ကတော့ စောင့်ရသည်။ ထို့ကြောင့် မှတ်တိုင်ရှိခုံတွင်ထိုင်ပြီး ပေါက်စီလေးကိုက်ဝါးကာ မှတ်တိုင်ကလူတွေကိုလိုက်စပ်စုနေမိသည်။သူသည်က လူတွေကို အကဲခတ်ပြီး ဝေဖန်ရတာတော့လုံးဝမလုပ်တတ်ပေ။လူတွေကိုလည်း ထိုသို့မလုပ်ချင် ၊ လူတစ်ယောက်ရဲ့အကောင်းအဆိုးကို အပေါ်ယံကြည့်ပြီးသိနားလည်တတ်သည်မှမဟုတ်တာပင်။

ထို့ကြောင့် ချော၏မချော၏ကိုပဲ လိုက်ငေးရင်း ကားစောင့်နေမိ၏။

ထိုစဉ်မှာပင် သူ့ဘေးတွင် လူတစ်ယောက်ကလာထိုင်သည်မို့ မျက်လုံးက ဘာရယ်မဟုတ် စောင်း၍ကြည့်မိသွားသည်။

ကောင်လေးတစ်ယောက်က သူ့ဘေးနားတွင်လာထိုင်ပြီး ကားလာရာသို့မျှော်နေပေသည်။

ဆွေးမြေ့ ( Complete )Where stories live. Discover now