နောက်တစ်နေ့တွင်လည်း ဖုန်းဆက်မလာ၍ အလုပ်ဆင်းသည်နှင့်သူလည်း အန်တီ၏ဆိုင်သို့သွားခဲ့သည်။ဆိုင်ထဲတွင်တော့ လူကျနေ၏ပန်းသွေးနှင့်အန်တီမှာလက်မလည်အောင်မအားမလပ်ရှိနေကြပေမဲ့ ဆွေးကိုတော့မတွေ့ပေ။သူ ဆိုင်နားသို့ရောက်သွားတော့ အန်တီသည် သူ့မားမြင်သွားကာ လှမ်းခေါ်သည်။
" သားလေ ...လာလေ ၊ မုန့်လာစားတာလား "
မြေ့ ပြုံးပြလိုက်ပြီး ခေါင်းခါကာ
" မစားတော့ဘူး အန်တီ ၊ ဆွေး ပြန်လာပြီလား လာကြည့်တာ "
" ကိုကြီး ပြန်မလာသေးဘူးလေ ၊ ဖုန်းဆက်ကြည့်လိုက်ပါလား "
ပန်းသွေးက ဝင်ပြောသည်။
" မအားဘူးထင်တယ် ၊ ဖုန်းမကိုင်ဘူး "
ပန်းသွေးက မုန့်ဟင်းရည်အိုးကိုမွှေနေရင်း မျက်ဝန်းများကိုမှေးကျဉ်း
ကာကိုကြီး၏ကောင်လေးဖြစ်သူအား ကြည့်လိုက်သည်။တစ်ခုခုပြောချင်ပေမဲ့ ဘယ်လိုပြောရမှတ်းလည်းမသိဖြစ်နေ၍ ပြန်လည်ရေငုံမျိုသိပ်ကာ မပြောဖြစ်တော့။ထိုအစား မုန့်ဟင်းရည်များကိုပန်းကန်ထဲထည့်ပေးနေလိုက်သည်။" ထိုင်စောင့်လိုက်ပါလား သား ၊ သူ ပြန်လာခါနီးနေပြီပဲ "
မြေ့ ခေါင်းခါ၍
" နေပါစေ ၊ ကျွန်တော်လည်း သွားစရာလေးရှိနေလို့ ပြန်လိုက်ပါဦးမယ်။
နောက်နေ့မှပဲ အေးအေးဆေးဆေးဝင်စားတော့မယ်ရယ် "" အေးပါကွယ် "
အပြုံးနှင့်နှုတ်ဆက်၍ ဆန့်ကျင်ဘက်သို့မျက်နှာလှည့်လိုက်သည်နှင့်မြေ့၏အမူအယာမှာ အနည်းငယ်တော့ တည်တင်းသွားသည်။အပြုံးအရယ်တို့သည် မျက်နှာထက်မှပျောက်ကွယ်သွားကာ အလိုမကျမှုဒွိဟအတွေးတချို့တို့သည် သူ့စိတ်ထဲလိပ်ပြာမြူးသလို တအုံအုံထလာ၏။
ဖုန်းခေါ်တော့လည်းမကိုင်သလို ပြန်၍လည်းခေါ်မလာခဲ့။ဘာကြောင့်များလဲဆိုသည့်အတွေးတို့နှင့်အတူ သူ့အား လမ်းခွဲချင်နေ၍များလားတွေးမိပြီး လူကရင်ထဲဟာခနဲ။အတွေးနှင့်ပင် ရင်တလှပ်လှပ်ဖြစ်လာ၏။မျက်ရည်အချို့ကပါ ချက်ခြင်းပဲရစ်သိုင်းကာ စီးကျလုနီးနီး။ရှေ့သို့ကြည့်၍လမ်းလျှောက်ဖို့ပင် အဆင်မပြေတော့တာကြောင့် လမ်းဘေးရှိဓာတ်တိုင်ထက်သို့ ခေါင်းမှီလိုက်လေ၏။ဤတွင် သူ၏ပုခုံးအား တစ်စုံတစ်ယောက်ကိုင်လာပြီး ရနေကျရေမွေးရနံ့ကြောင့် လူက ချက်ခြင်းပဲ ခေါင်းလှည့်ကြည့်လိုက်သည်။ထိုအခါ သူ၏ကျလုနီးနီး တွဲခိုလျက်ရှိသော မျက်ရည်ဥများမှာ လွင့်စင်သွား၏။ကျဆင်းသွားရာအရပ်သည်ကား သူ့နောက်ရှိလူ၏နှုတ်ခမ်းထက်ဆီသို့။
YOU ARE READING
ဆွေးမြေ့ ( Complete )
Novela Juvenilအချစ်ဆိုတာ ဘာလဲမေးရင် အရာအားလုံးလို့ ဖြေမိမှာပဲ။ဘာကြောင့်လဲဆို သူနဲ့ဝေးခဲ့ပြီလို့ တွေးမိလိုက်တဲ့အချိန် အရာအားလုံးပျောက်ကွယ်ပျက်သုဉ်းသွားရလို့ပဲ။