Chapter (11)

45 7 0
                                    


နောက်တစ်နေ့တွင် တက္ကစီငှားပြီး အိမ်သို့ပြန်လာခဲ့၏။အိမ်ကို ရောက်တော့ အိပ်ယာထဲလှဲနေသည့် ဖခင်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရသည်။
ကြေးနီရောင်အသားအရည်နှင့်အရွယ်မတိုင်ခင် ဇယာထောင်းနေသည်က ငယ်စဉ်တွင်အလုပ်ကြမ်းများလုပ်ထား၍ပင်။

" ပြန်လာမယ်ဆိုတာ ကြိုမပြောဘူး "

အမေက ဘေးတွင်ထိုင်နေပြီး ဆိုလေ၏။

" မျှော်နေမှာစိုးလို့ပါ ၊ အဖေက သက်သာရဲ့လား"

" သက်သာတယ် ၊ အာလေးနည်းနည်းရွဲ့သွားရုံပဲ။စားနိုင်သောက်နိုင်သေးတယ် "

" ဒေါ်ချိုဝင်းရေ...ဈေးဝယ်လာတယ် "

အိမ်ဘေးက အော်သံကြောင့် အမေလည်း အိမ်ရှေ့သို့ဆင်းသွားသည်။အလုပ်မရှိလျှင်မနေတတ်သော အမေက မြန်မာမုန့်များလုပ်ရောင်းတတ်သည်။စီးပွားဖြစ်မမြတ်ပေမဲ့အိမ်၏အသုံးစားရိတ်လောက်ရ၍ ဆက်လက်လုပ်ကိုင်နေဆဲပင်။

အဖေ့ကိုကြည့်၍ သူလည်းဘာပြောရမည်ကိုမသိ။သားအဖတွေဆုံလာလျှင် တကယ်ကိုအနေရခက်သည်။

" အလုပ်က အဆင်ပြေတယ်မလား "

အဖေသည် သူ့အားမေးလာလေသည်။‌

" ပြေပါတယ် "

" ထမင်းစားလာရဲ့လား ၊ ဗိုက်ဆာလောက်ပြီပေါ့"

" မစားလာဘူး ၊ ဗိုက်ကဆာနေတာ...အမေဘာချက်ထားလဲ "

" ကြက်စွပ်ပြုပ်လုပ်ထားတယ် ၊ မနက်က ငါးခုတ်နေတဲ့အသံတော့ကြားတယ် "

" ဟုတ် ၊ အဲ့ဒါဆို သား ထမင်းသွားစားလိုက်ဦးမယ် "

" အင်း " ဟုအသံခပ်လေးလေးဖြင့် အဖေဆိုသည်။သူလည်း နောက်ဖေးသို့ ဝင်လာခဲ့ပြီး ဒယ်အိုးကိုလှန်ကြည့်လိုက်၏။နံနံပင်အုပ်ထားသည့် ငါးပြေမဟင်းကိုတွေ့ရသည်။ချက်ထားတာမကြာသေး၍ထင်သည် ၊ ပူပူနွေးနွေးနှင့်ချက်ထားစဉ်ကအတိုင်းဖြစ်နေသည်။သူလည်း အကောင်ကြီးကြီးတချို့ကို ဦးပေါင်းဖယ်ထားလိုက်ပြီး ထမင်းခူးခပ်စားလိုက်သည်။

စားနေရင်းမှ ဆွေးကိုသတိရ၍ ဖုန်းခေါ်လိုက်သည်။

ဆွေးက သူ့ဖုန်းကိုမျှော်နေသည်ထင် ၊ ချက်ခြင်းပဲကိုင်လာလေ၏။

ဆွေးမြေ့ ( Complete )Where stories live. Discover now