Chapter (9)

51 8 0
                                    




ချစ်သူတွေဖြစ်ခဲ့ကြပြီးနောက် သူတို့လည်း တခြားသူတွေလိုပင် ဖုန်းဆက်ပြောလိုက် ၊ လူချင်းတွေ့လိုက် ၊ မုန့်လိုက်စားလိုက်နှင့်ဖြတ်သန်းဖြစ်ကြသည်။

တစ်ခါတလေ ရန်ဖြစ်တာတော့ ရှိတာပေါ့။အထူးသဖြင့် မြေ့ဘက်ကပင်။
သူသည် လွန်စွာပိုင်စိုးပိုင်နင်းဖြစ်တတ်ပြီး ကိုယ့်ပစ္စည်းကိုနည်းနည်းလေးမှလာထိတာမကြိုက်တတ်သည့် သူမျိုးဖြစ်သည်။ထို့ကြောင့် ဆွေးနှင့်ပတ်သက်လာလျှင် သဝန်တိုသည်က အမြဲတစေရန်ဖြစ်ရသည်အထိပင်။

ယခုလည်း ဆွေးခမျာ ချော့နေရပြန်သည်။

" မင်း အဲ့လောက်သဝန်တိုမှန်း တကယ်မသိခဲ့ဘူး ၊ ဘာမဟုတ်တာလေးကအစ သဝန်တိုတယ်။မင်း ကိုယ့်ကို အဲ့လောက်တောင်မယုံကြည်ဘူးလား"

" မယုံဘူး ၊ ဘယ်သူ့ကိုမှ ကိုယ့်ကိုယ်ကိုယ်လောက်မယုံဘူး။"

" မယုံလည်း မတတ်နိုင်ဘူးကွာ ၊ ဒီလောက်ပြောပြရှင်းပြနေတာကို မင်းက တစ်ဖက်ပိတ်ပြီး ပြန်ပြန်အော်နေတာ စိတ်ကုန်လာပြီ "

" စိတ်ကုန်လာရင် ပြတ်..."

မြေ့ စိတ်တိုတိုနှင့်အော်ပြောပြီးကာမှ သူ့ဘက်ကမပြတ်နိုင်မှန်းသိနေ၍ ရပ်လိုက်သည်။

" စိတ်ကုန်လာရင် ငါသဝန်မတိုအောင်နေပေါ့ ၊ ငါက အလကားနေအလကား လိုက်သဝန်တိုနေမလား။မင်းကိုက လွန်လွန်းတယ် ၊ သူငယ်ချင်းအပေါင်းအသင်းကလည်း တော်သင့်တန်သင့်ပေါ့ ၊ ဖက်လားဆွဲလားနဲ့ကို ငါက သဝန်မတိုဘဲနေမလား "

သီဟ နားကြပ်တပ်လိုက်ပြီး သီချင်းကိုအသံကုန်ဖွင့်ပြီးနားထောင်လိုက်၏။ဒီပွဲက တစ်ညလုံးဖြစ်မှာ ၊ ပြီးမှာမဟုတ်ဘူး။

" ဝတီတို့နဲ့ကငယ်ပေါင်းတွေလေကွာ ၊ သူ့မှာလည်း ရည်းစားရှိတာ မင်းသိတာပဲ "

" ဟုတ်တယ် သိတယ် ၊ ဒါပေမဲ့ ငါမျက်လုံးစုံမှိတ်ပြီးမနေရဲဘူး။သစ္စာဖောက်ခံရမှာ ငါကြောက်တယ်။မင်း ငါ့ကိုထားသွားမှာ ကြောက်တယ်။ငါ့ပတ်ဝန်းကျင်မှာ အဲ့သည်လိုမျိုးဖြစ်သွားတာတွေ မြင်ဖူးတယ်။မင်းကို သူများနဲ့နှိုင်းတာမဟုတ်ပေမဲ့ တခြားသူနဲ့ဖက်လှဲတကင်းနေနေတာတွေ့ရင် ငါစိုးရိမ်တယ် "

ဆွေးမြေ့ ( Complete )Where stories live. Discover now