"ငါ ခွင့်ယူပြီး အိမ်ပြန်ဦးမယ် "
ဆွေး သူ့ရှေ့က ကောင်လေးကိုကြည့်သည်။
" ဘာဖြစ်လို့လဲ "
မြေ့မျက်နှာမကောင်း ၊ သူက သက်ပြင်းချ၍ဖြေသည်။
" ငါ့အဖေ လေဖြတ်သွားလို့လေ ၊ အိမ် ခဏပြန်ဦးမယ် "
" အခုကော သက်သာရဲ့လား "
" ဘာမှမဖြစ်လို့တော်သေးတယ် ၊ အာလေးနည်းနည်းရွဲ့သွားယုံပဲတဲ့ "
မပြန်လို့လည်းမဖြစ်ပေ ၊ သူလည်း အိမ်ကိုမပြန်ဖြစ်တာ အတော်ကြာပြီ။အဖေက အလုပ်ပိတ်ရက်အိမ်ကိုခဏခဏပြန်ခေါ်ပေမဲ့ အပြန်လမ်းစားရိတ်နှင့်ခွင့်လည်းမယူချင်၍ မပြန်ဖြစ်ခဲ့။ပြန်မဲ့ပြန်ရတော့လည်း လူမမာဖြစ်သွားသည့် အဖေ့ကြောင့်ဖြစ်သွားသည်။
" လူကြီးတွေအတွက်ဝယ်သွားဦးလေ ၊ ဘယ်နေ့ပြန်မှာလဲ "
" မနက်ဖြန် "
" ဪ ၊ ဒါဆို City Mart သွားလိုက်လေ...ကိုယ်လိုက်ခဲ့မယ် "
မြေ့လည်း အိမ်အတွက်ဝယ်ခြမ်းသွားဖို့စဉ်းစားနေတာကြောင့် မငြင်းတော့ဘဲ သွားလိုက်ကြသည်။သူက ရွေးချယ်နေပေမဲ့ ဆွေးကတော့ တွန်းလှည်းထဲ တစ်ခုပြီးတစ်ခုထည့်သည်။ပါးစပ်ကလည်း လူကြီးတွေကဘာကြိုက်တတ်တာ ၊ ညာကြိုက်တတ်တာဖြင့် မနားတမ်းပြောသည်။
သူ့မိဘလားကိုယ့်မိဘလားတောင်မသဲကွဲတော့ဘူး။တွန်းလှည်းထဲတွင်လည်း တော်တော်စုံနေပြီ။
ဒီလောက်အများကြီးနဲ့အိမ်ပြန်ရင်တက္ကစီငှားသွားမှပဲရမယ်။
သိတတ်သည့်သူကတော့ သူ့မိဘအတွက်တင်မကဘဲ သူ့ညီတွေအတွက်ပါ ဝယ်သည်။
အားလုံးဝယ်ခြမ်းပြီး၍ ငွေရှင်းတော့ မြေ့ ကိုယ့်ဘာသာပဲရှင်းလိုက်၏။
"ကိုယ်ရှင်းလိုက်လည်း ရတာကို ၊ မင်းက မာနသိပ်ထားတာပဲ "
အထုပ်တွေကိုသယ်လျက် ဆိုလာ၏။သူ သက်ပြင်းချ၍
" မင်းလည်း အိမ်မှာအမေနဲ့ညီမနဲ့ ၊ ပိုက်ဆံတွေသိပ်ပိုနေရင် စုထားစမ်းပါ။အနာဂတ်ကကြိုမြင်နေရတာမဟုတ်ဘူး ၊ ငါသုံးတာ ငါ့ဘာသာပဲရှင်းမယ်။ငါ့အိမ်အတွက် ငါပဲရှင်းလိုက်မယ် "
YOU ARE READING
ဆွေးမြေ့ ( Complete )
Ficção Adolescenteအချစ်ဆိုတာ ဘာလဲမေးရင် အရာအားလုံးလို့ ဖြေမိမှာပဲ။ဘာကြောင့်လဲဆို သူနဲ့ဝေးခဲ့ပြီလို့ တွေးမိလိုက်တဲ့အချိန် အရာအားလုံးပျောက်ကွယ်ပျက်သုဉ်းသွားရလို့ပဲ။