Chapter (23)

48 6 3
                                    


မနက်ခင်းတွင် သူနှိုးလာတော့ မွှေးလှသော ထမင်းကြော်အနံ့အား ဦးစွာရှုရှိုက်မိသည်။မျက်လုံးနှစ်ဖက်ကိုပွတ်၍ အိပ်ချင်မူးတူးဖြင့် ထထိုင်ပြီး ဇက်ကိုဘယ်ညာချိုးလိုက်သည်။ညက နှစ်ယောက်သား စကားတွေဖောင်ဖွဲ့ပြီး ပြောလိုက်ကြ၍ အိပ်ရေးကသိပ်မဝချင်ပေ။သူ ဖုန်းကိုဆွဲယူ၍ မန်နေဂျာထံခွင့်လှမ်းတိုင်လိုက်သည်။ယင်းနောက် အိပ်ယာမှထ၍ စောင်ခေါက်သည်။ခေါင်းအုံးတွေကို စီစီရီရီသိမ်း၍ အိပ်ယာခင်းအား ဆွဲမကာ အိမ်ရှေ့ဝရန်တာထွက်သည်။ထို့နောက် ဖုန်များကိုခါထုတ်ပြီး နေလှန်းထားလိုက်သည်။

ပြီးလျှင် မျက်နှာသစ်ရန် ရေချိုးခန်းဘက်သို့ထွက်လာခဲ့သည်။ရေချိုးခန်းအရှေ့ရှိမီးဖိုချောင်တွင်တော့ ဆွေးသည် ထမင်းကြော်ကြော်ပြီး၍ ပန်းကန်ထဲထည့်နေပေသည်။ကြွေပန်းကန်ထဲတွင်တော့ ကြက်သွန်နီဖြင့်ကြော်ထားသော ခပ်ရွရွကြက်ဥကြော်က ဖောင်းဖောင်းပွပွရှိလို့နေသည်။ဆွေးက သူ့ကိုလှည့်ကြည့်လာသည်။

" နှိုးပြီဆို မျက်နှာသစ်လေ ၊ မနက်စာစားရအောင် "

" အင်း "

မြေ့ ခေါင်းညိတ်ပြပြီး ရေချိုးခန်းထဲဝင်ကာ သွားတိုက်မျက်နှာသစ်၍ ခြေလက်သန့်စင်လိုက်သည်။သူပြန်ထွက်လာတော့ ဆွေးက ထမင်းစားခုံခင်း၍ ပန်းကန်များအား နေရာချပေးနှင့်ပြီးသားဖြစ်နေလေပြီ။သူလည်း မျက်နှာသုတ်ပြီး ခုံဘေးတွင်ထိုင်လိုက်၏။

" ဗိုက်ဆာနေပြီလား ၊ ကိုယ် ပဲပြုတ်ဆင်းဝယ်ရင်း ဘိန်းမုန့်သည်တွေ့လို့ ဝယ်ထားတယ်။ထမင်းစားပြီးရင် အချိုတည်းလို့ရတယ် "

မြေ့က ထမင်းကြော်ကိုတစ်ဇွန်းခပ်၍ ဆွေးကိုခွံ့ကျွေးလိုက်ပြီး

" အလုပ်ကခွင့်ယူပြီး ဘာလုပ်ကြမှာလဲ ၊ အိမ်မှာတစ်နေကုန်ထိုင်ပြီး စကားပြောရမှာ ပျင်းစရာကြီး "

" ဘယ်ကိုသွားချင်လို့လဲ "

ဆွေးမေးတော့ မြေ့က ခေါင်းခါကာ

" ဘယ်မှလဲ မသွားချင်ဘူး "

" ရုပ်ရှင်သွားကြည့်မလား "

" ရုပ်ရှင်လည်းမကြည့်ချင်ဘူး "

" ဘုရားသွားမလား "

ဆွေးမြေ့ ( Complete )Where stories live. Discover now