Part (3)

85 12 4
                                    

သည်နေ့တော့ အလုပ်ဆင်းရတာနောက်ကျသည်။ထို့ကြောင့် အမေ့ဆိုင်ကိုကူဖို့ အလျင်အမြန်ပြေးရသည်။သူ၏အလုပ်မှာ အိမ်နှင့်နှစ်မှတ်တိုင်လောက်သာ ဝေးတာကြောင့် ကားမစီးဘဲ လမ်းလျှောက်၍သာ အလုပ်တက်အလုပ်ဆင်းဖြစ်သည်။

ထို့ကြောင့် ဆိုင်တွင်အမေတစ်ယောက်တည်းဖြစ်နေမည်ဆိုကာ လူက
မပြေးရုံတမယ် လျှောက်လာခဲ့၏။

ထိုစဉ် ဖုန်းသံ မြည်လာလေသည်။သူလည်း ဖုန်းကိုထုတ်ယူကြည့်လိုက်တော့ သူငယ်ချင်းဖြစ်သူဆက်တာပင်။

" အေး...ရဝေ ပြော "

" မနက်ဖြန် ××× ကိုလာခဲ့ ၊ နွေးတို့လည်း လာမယ်တဲ့ "

" ဘယ်အချိန်လဲ.."

" ညနေဘက်ဖြစ်လောက်မယ်ထင်တယ် ၊ အလုပ်ဆင်းချိန်လောက် "

" အဲ့ဒါကို ပိတ်ရက်ချိန်းလိုက်တာမဟုတ်ဘူး "

" ပိတ်ရက်က ညှိမရဘူး ဟ "

" အေး...လာခဲ့မယ်လေ "

ရဝေက ဖုန်းချသွားလေ၏။

မနက်ဖြန်ဆိုမှ သူလည်း သတိရသည်။မနက်ဖြန်သည် လကုန်ရက်ပင်။
လစာထုတ်ရတော့မည်ပေါ့ ၊ ယခုအလုပ်က သူ၏ပထမဆုံးအလုပ်ဖြစ်ကာ လစာကလည်း နှစ်သိန်းခွဲလောက်သာရသည်။အမေ့ဝင်ငွေနှင့်သူ၏ဝင်ငွေနှစ်ခုပေါင်းမှသာ အနည်းငယ်ပိုလျှံရုံသာ။သည်ကြားထဲ
ညီမလေး၏ ပညာရေးနှင့်အသုံးအဆောင်စားရိတ်ကရှိသေးသည်။
တော်သေးသည်က သူတို့တွင် အိမ်အပိုင်ခြံအပိုင်ရှိနေ၍ ဖြစ်သည်။မဟုတ်လျှင် သူနှင့်အမေလည်း အသက်ရှုပေါက်ချောင်မည်မထင်ပါချေ။

ပိုက်ဆံကလေးစုပြီး သင်တန်းတက်ရမည်။ပြီးလျှင် လစာပိုကောင်းတဲ့အလုပ်တွေကို ပြောင်းရမည်။

သူ့အနေဖြင့် နိုင်ငံခြားထွက်ချင်ပေမဲ့ အမေနှင့်ညီမလေးနှစ်ယောက်တည်းကျန်ခဲ့မည်ကိုလည်း စိတ်မချဖြစ်နေရသည်။

ဘဝရှေ့ရေးအတွေးတွေကို တမေ့တမောတွေးနေရင်း လူက တစ်စုံတစ်ယောက်နှင့်တိုက်မိသွား၏။

" ဆောရီး ဗျ "

သူ အလျင်အမြန်တောင်းပန်လိုက်ပေမဲ့ တစ်ဖက်လူက သူ့အား ပေစောင်းစောင်းပဲကြည့်ပြီး မှတ်တိုင်သို့ ပြေးသွားလေသည်။

ဆွေးမြေ့ ( Complete )Where stories live. Discover now