Chapter (31)

50 3 0
                                    




သူ့ထံလက်ဆန့်တန်းလာသည့် ကောင်လေးကို တွေဝေခြင်းအလျဉ်းမရှိဘဲ တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်၏။အပူလှိုင်းကြွနေသော ခန္ဓာကိုယ်မှအပူငွေ့တွေဟာ သူ့ကိုယ်တွင်းအထိတိုးဝင်စိမ့်ဝင်သွားတော့မည်လို ခံစားရသည်။တုန်ရီနေသော ကောင်လေးကတော့ သူ၏ပုခုံးထက်မေးတင်၍ တသိမ့်သိမ့်ကိုရှိုက်ငိုနေသည်။ငိုခဲသည့်ကောင်လေးတစ်ယောက် ဤမျှအထိ လှိုက်လှိုက်လှဲလှဲငိုကြွေးနေသည်ဖြစ်ရာ သူ့တွင်ရှိသော ခံနိုင်ရည်အင်အားတို့ဟာ အဆုံးစွန်ထိ ပဲ့ကြွေသွားရခြင်းကြောင့်ပင်ဖြစ်သည်။

သူ ကျောကိုဖွဖွလေးပွတ်သပ်ကာ သက်ပြင်းချလိုက်သည်။

မြေ့မှာ အတော်ကြာသည်အထိ ငိုကြွေးနေခဲ့သည်။သီဟသည်လည်း မြေ့ကိုပွေ့ဖက်ထားရင်း စိတ်ပင်ပန်းမှုမှန်သမျှကို လျှော့ချပေးခဲ့သည်။သူ့စိတ်ထဲ ပြေလျော့လားမပြေလျော့လားကိုတော့ ဝင်ကြည့်၍မရသဖြင့် သူလည်းမသိနိုင်။ငို၍ ဝသွားမှ မြေ့သည် သူ့ကိုဖယ်ခွာ၍ တစ်ရှူးစများကိုထုတ်ကာ မျက်နှာပေါ်ရှိအညစ်အကြေးများကို သန့်ရှင်းသည်။သူက သီဟကိုလည်း တစ်ရှူးဘူးပေး၍

" မင်းပုခုံးမှာလည်း နှပ်ချေးတွေကောမျက်ရည်တွေကော ၊ သုတ်လိုက်ဦး"

" မင်းငိုတာလေ ၊ မင်းသုတ်ပေးပေါ့ "

သူ မြေ့လှမ်းပေးလာသည့်တစ်ရှူးဘူးကိုမယူဘဲ ပြောလိုက်တော့ မြေ့သည်သူ့ပုခုံးပေါ်ရှိအညစ်အကြေးများကို သန့်ရှင်းရေးလုပ်ပေးလေ၏။

" ငိုလို့ဝရဲ့လား "

" ငိုလို့ဝတယ်ဆိုတာမရှိဘူး ၊ အငိုရပ်သွားတာပဲရှိတယ် "

မြေ့က တစ်ရှူးလိပ်ကို စားပွဲခုံပေါ်တင်းရင်း ဖြေသည်။ယင်းနောက် သူသည် သီဟဝယ်လာသည့် ပဲနို့ဘူးလေးကိုယူ၍ ဖောက်သောက်လေသည်။သီဟကတော့ မကုန်သေးသည့်ထမင်းတွေကို ဆက်စားသည်။သူက စားနေလျက်ဖြင့် ဆိုပြန်၏။

" မနက်ဖြန် ခွင့်ယူမှာပေါ့ ၊ ဒီလိုပုံစံနဲ့ဆိုရင် "

" အင်း ၊ ခွင့်တိုင်ရဦးမယ်...မင်းဖုန်းဘေရှိတယ်မလား။ငါ မန်နေဂျာဖုန်းနံပါတ်အလွတ်ရတယ်...အခုဆက်လိုက်ဦးမယ် "

ဆွေးမြေ့ ( Complete )Where stories live. Discover now