Chapter (12)

61 11 10
                                    


မနက်စောစော ကြက်တွန်သံနောက်မှာသူလည်း နှိုးလာခဲ့၏။အိမ်ပြန်ရောက်စဉ်အတွင်း အိမ်အလုပ်လေးများကူလုပ်ပေးမည်ဟု စိတ်ကူး
ထားတာကြောင့် တဝါးဝါးသမ်းပြီး အိပ်ယာထဲက ထလိုက်သည်။ခြေလက်ဆေးမျက်နှာသစ်ပြီးနောက် မီးဖိုချောင်ထဲဝင်လာခဲ့သည်။မိဘတွေကတော့ မထသေးပေ ၊ အငယ်ဆုံးလေးကတော့ ကလေးပီပီအစောကြီးနှိုးလာပြီး သူ့ထံသို့ရောက်လာသည်။

" နှိုးပြီလား ကလေးလေး "

ထမင်းအိုးထဲဆန်ထည့်နေရင်း သူမေးလိုက်သည်။

" အွန် "

မျက်နှာကိုပွတ်သပ်ပြီး အငယ်ဆုံးလေးလည်း မျက်နှာသွားသစ်သည်။သူလည်း ထမင်းအိုးတင်ပြီး ညကကျန်သည့်ထမင်းကြမ်းတွေကို ခြေမွ၍ ကြော်ဖို့လုပ်သည်။ရေခဲသေတ္တာထဲသွားကြည့်တော့ ကြက်ဥခြောက်လုံးလောက်ရှိသည်။ထို့ကြောင့် ထမင်းမကြော်ခင် ကြက်ဥတွေကိုအရင်ကြော်လိုက်သည်။၎င်းနောက်မှ ထမင်းကြော်လိုက်၏။

ကျက်သွားသည့် ထမင်းကို ဆွမ်းလောင်းဖို့ခူး၍ အာရုံဆွမ်းတင်၍ဖယ်နေချိန်တွင် အမေလည်းနှိုးလာသည်။

" အစောကြီးနှိုးနေတာလား "

သူ့ကို မေးလာ၏။

" အင်း ၊ ဒီအချိန်ထနေကြဖြစ်နေလို့ "

ခဏနေတော့ အငယ်ဆုံးလေးပြန်ရောက်လာသည်။

" ကိုကိုးကြီး ထမင်းကြော်ကျက်ပြီလား "

" ကျက်ပြီ "

သူ ကလေးကိုထမင်းတစ်ပန်းကန်ခူးပေးပြီး ကြက်ဥကြော်တစ်ပြားထည့်ပေးလိုက်သည်။ညကဟင်းတွေကိုတော့ နွေးပြီး ပန်းကန်လုံးထဲထည့်ထားလိုက်၏။သူလည်း ကလေးဘေးတွင်ထိုင်၍ အဆာပြေအနည်းငယ်စားလိုက်သည်။

လင်းကြက်တွန်သံသည် တစ်အိမ်ပြီးတစ်အိမ်ကြားလာရသည်။ခုတ်သံထစ်သံနှင့်အိုးဆေးသံတွေလည်း ကြားလာရ၏။မနက်စာအတွက်အလုပ်ရှုပ်ကြပြီထင်သည်။

သူတို့ကတော့ မနက်စာအတွက်ဟင်းချက်စရာမလိုတော့ပေ။ညက ဟင်းတွေအတော်များများကျန်သေးသည်ဖြစ်ရာ နွေးပဲနွေးလိုက်သည်။ထိုအချိန်တွင် အမေသည် မုန့်အိုးကိုကိုင်၍ အိမ်ရှေ့ထွက်သွားသည်။

ဆွေးမြေ့ ( Complete )Where stories live. Discover now