Chapter (15)

42 6 1
                                    

ကနေ့တွင်တော့ online class ရှိနေ၍ ဆွေးနှင့်မတွေ့တော့ဘဲ အိမ်သို့တန်းပြန်လာခဲ့၏။သူက ဖုန်းဝယ်မည်ဟုပြောပေမဲ့ အိမ်သို့ သူရောက်တဲ့အထိ ဖုန်းဆက်မလာပေ။သင်တန်းပြီးချိန်အထိပင်ဖုန်းဆက်မလာ၍ ကိုးနာရီထိုးသည်နှင့်လူက နေမရထိုင်မရဖြစ်လာသည်။အန်တီ့ကိုဆက်ရနိုးနိုး ၊
မဆက်ဘဲနေရမလိုနှင့် ဒွိဟဖြစ်လာသည်။

" မင်း ဘာဖြစ်နေတာလဲ "

ဆောက်တည်ရာမရဖြစ်နေသော သူ့ကိုသီဟကပင် မေးလာခဲ့သည်။

" ဟိုကောင်လေ ဖုန်းဝယ်ပြီးဖုန်းဆက်လာမယ်ဆိုပြီး အခုထိမဆက်သေးလို့ "

" ဖုန်းလေးမဆက်တာတောင် ရေခြားမြေခြားခွဲဦးမယ် ၊ ငါတော့ မြင်ယောင်နေတယ်...ဧရင့်ကျူးမှာတွေ "

သီဟက သူ့ကိုအငေါ်တူး၍ စာပြန်လုပ်နေလေ၏။သူလည်း အန်တီ့ကိုဆက်ဖို့မလုပ်တော့ဘဲ ဖုန်းကိုဘေးတွင်ချထားလိုက်သည်။ထို့နောက် လျှော်ပြီးသား အဝတ်အစားများကို မီးပူတိုက်ဖို့လုပ်တော့သည်။ကြိုးကိုပလပ်ပေါက်နှင့်သွယ်လိုက်သည်နှင့်သီဟသည် သူ့ကိုပြောလာသည်။

" မင်း မီးပူတိုက်မလို့လား "

" အပိုတွေပြောမနေနဲ့ မင်းအခွံတွေသာယူလာခဲ့ "

သီဟက ကျန်သည့်နေရာများတွင်မပျင်းပေမဲ့ မီးပူတိုက်ရမည်ကိုတော့ အင်မတိအင်မတန်ပျင်းသည်။အဝတ်လျှော်လျှင်လည်း ပုံးအပြည့်အဝတ်အစားများကို တစ်နေကုန်ထိုင်လျှော်သည်။ချိတ်ဖြင့်ချိတ်၍ နေလှန်းသည်။ထိုနောက်ပိုင်းအလုပ်များကိုတော့ သူသည် လက်မြှောက်အရှုံးပေးထားဟန်ပင်။မီးပူကို တစ်စက်ကလေးမှမကိုင် ၊ ထိုအစား ချိတ်ပေါ်မှအဝတ်ခြောက်များကိုသာ ဆွဲယူဝတ်သည်။သူကတော့ အဝတ်အစားများကို မပြန့်လျှင်မဝတ်တတ်တာကြောင့် မီးပူမတိုက်လို့မရ။သူလည်း ပျင်းတတ်တာပဲ ၊ ဒါပေမဲ့ ကိုယ်ပေါ်တင်မဲ့အဝတ်အစားကိုတော့ သန့်သန့်ပြန့်ပြန့်လေးဖြစ်ချင်တာပဲ။သီဟကတော့ ထိုအရာများကို သိပ်တော့အရေးမစိုက် ၊ သွားစရာလာစရာရှိလည်း မီးပူအောက်အဝတ်ကိုမထည့်။အဆင်သင့်လေး ချိတ်ပေါ်ကနေ ယူဝတ်သည်။အမြင်မတော်၍
သူ့အဝတ်တွေမီးပူတိုက်တိုင်း သီဟ၏အဝတ်များကိုယူတိုက်ပေးလေရင်းသကောင့်သားက အခုတော့ မီးပူမတိုက်ထားသည့် အဝတ်အစားဟူ၍ ချေးများချင်လာသည်။သူ့ကိုလည်း မျက်နှာချိုသွေး၍ တိုက်လာခိုင်းသည်။သူလည်း မေတ္တာတော့မပျက် ၊ ကြုံလျှင်ကြုံသလိုတော့ ယူတိုက်ပေးလိုက်သည်။

ဆွေးမြေ့ ( Complete )Where stories live. Discover now