Chapter (8)

54 7 0
                                    



ကားပေါ်သို့ပါသွားသည့်သူကိုကြည့်၍ သူ
လည်းဘာမှမတတ်နိုင်ပေ။လမ်းမ‌ဘေးတစ်ယောက်တည်းလျှောက်လာတာမြင်၍ ရပ်စောင့်နေစဉ်မှာပင် အကြင်သူသည် ကားပေါ်ပါသွားခဲ့သည်။

ညတွင်လည်း သူဖုန်းဆက်မည်ဟုစိတ်ကူးပေမဲ့ မဆက်ဖြစ်တော့ဘဲ ဤလိုနှင့်တစ်ပတ်ကြာမျှသူတို့မတွေ့ဖြစ်ကြ။မတွေ့ဖြစ်ပေမဲ့ နေ့တိုင်းတွေးနေမိရကာ မေ့ပျောက်လို့လည်းမရပေ။အိပ်မက်ဆိုးတွေပင်မက်ပြီး ငြိမ်ငြိမ်နေ၍မရတော့ချေ။

မနေနိုင်သည့်အဆုံးတွင် အလုပ်ဆင်းချိန်၌အိမ်မပြန်သေးဘဲ သူကားစောင့်သည့်မှတ်တိုင်၌သွားစောင့်နေခဲ့သည်။

ငါးနာရီခွဲလောက်တွင် နားကြပ်လေးတပ်၍လျှောက်လာသူကို မြင်ရလေ၏။

သူ မတ်တပ်ထရပ်ကာ အကြင်သူထံသို့သွားလိုက်၏။

" ခဏလောက် စကားပြောလို့ရမလား "

မြေ့ မျက်လုံးအဝိုင်းသားနှင့်ခေါင်းညိတ်ပြလိုက်သည်။ထိုသူ၏မျက်နှာမှာ စိုးရိမ်ပူပန်မှုတချို့နှင့်လေးနက်သောအမှန်တရားအချို့ကိုသူမြင်တွေ့ရသည်။

နာရီကိုကြည့်မိလိုက်စဉ်

" ကိုယ်ပြန်ပို့ပေးမယ် "

နာမ်စားတစ်လုံးကိုကြားလိုက်ရတော့ မျက်ခုံးနှစ်ဖက်က ဘာရယ်မဟုတ် ပင့်မိသွားသည်။ ' ကိုယ် ' ဆိုပဲ...ပိုင်စိုးပိုင်နင်းနဲ့ ဒီဘဲ ။

" ပီဇာစားမလား ၊ ဒါမှမဟုတ် KFC "

" ဘယ်မှာပဲဖြစ်ဖြစ်ရပါတယ် ၊ စကားပြောရုံပဲကို "

ထိုအခါတွင် ဆွေးသည် ဝေးဝေးလံလံသို့မသွားတော့ဘဲ လမ်းဘေးရှိ အကြော်ဆိုင်လေးထဲဝင်လာခဲ့လိုက်သည်။ထိုသူဝင်သွားတော့ မြေ့လည်း ဝင်ခဲ့ရသည်ပေါ့ ၊ စကားအဖြစ်ပြောတာကို တကယ်ကြီး လမ်းဘေးဆိုင်ဝင်ရတယ်လို့။သူကလည်း ပီဇာလို့ပြောလိုက်ရမှာ...ဒီရက်ပိုင်းပီဇာစားချင်နေတာကို ဟူး။

" အကြော်စုံနှစ်ပွဲချပေး အစ်မ "

အမှောင်ခပ်သဲ့သဲ့နှင့်တခြားခုံဝိုင်းနှင့်ဝေးသော ချောင်ကျကျခုံတွင် နှစ်ယောက်သားဝင်ထိုင်လိုက်ကြသည်။ထိုင်သည်နှင့်ခြင်အုပ်၏တဝှီဝှီအသံကိုကြားလာရပြီး ခြေဖမိုးမှာ စူးခနဲယားသွားသည်။

ဆွေးမြေ့ ( Complete )Where stories live. Discover now