Part(5)

73 10 2
                                    

ကနေ့ အလုပ်ဆင်းတော့ သူမုန့်ဟင်းခါးသွားစားလျှင် ထိုတစ်ယောက်
ပြန်မရောက်သေးပေ။ထို့ကြောင့် သူလည်း စားပြီးငွေရှင်းပြီးတာနှင့်ပြန်ထွက်လာခဲ့သည်။လမ်းကြားလေးထဲမှအထွက် ထိုတစ်ယောက်သည် ထမင်းချိုင့်လေးဆွဲပြီး ပြန်လာသည်အားတွေ့လိုက်ရသည်။

သူ့ကိုမြင်တော့ ပြုံးပြလာသည်။

" အလုပ်ဆင်းလာတာလား "

မြေ့ ခေါင်းညိတ်ပြ၍

" အင်း ၊ ပြန်တော့မလို့လေ "

ပြန်တော့မည်ဆိုတော့ ထိုတစ်ယောက်မျက်နှာအနည်းငယ်ညိုးနွမ်း
သွားသည်ကို သူမြင်၏။မပြန်ရင်လည်း သူကဘာလုပ်နေရမည်နည်း ၊ မုန့်ဟင်းခါးက စားပြီးသွားပြီဟာကို။

" အင်း ၊ ဂရုစိုက်ပြန်နော် "

ထိုသူက မှာသည်။

" ဟုတ် "

ယင်းနောက် မြေ့လည်း ထိုနေရာမှထွက်ခွာလာခဲ့၏။သူ မှတ်တိုင်သို့ရောက်တော့ ဖုန်းဝင်လာသည်။ခေါ်ဆိုလာသူက သူ‌ရေးမှတ်ထားသည့်
' သူ ' ။

" ဟယ်လို "

သူက ပြောလေ၏။

" ပြန်ရောက်ရင် ဖုန်းဆက်ဦး "

မြေ့ ပြန်မဖြေသေးဘဲ " သူနှင့်ဘာဆိုင်လဲ " ဟုမေးလိုက်ချင်သည်။
ဒါပေမဲ့ မေးလည်း မမေးရဲပေ။ထိုအစား အဖြေပြန်မပေးဘဲ ဖုန်းချလိုက်သည်။ကားပေါ်ရောက်တော့ အိတ်ကိုရှေ့ပို့ထားပြီး အန္တရာယ်ကိုရှောင်ရှားရသည်။ဒီနေ့မှအလုပ်ကနေ လစာထုတ်လာတာဖြစ်၍ တစ်လစာက
အိတ်ထဲပါလာသည်။ခါးပိုက်နှိုက်တွေကလည်း သည်ရက်ထဲအတော်သောင်းကျန်းနေတာကြောင့် ဘတ်စ်ကားစီးရသည်မှာ လုံခြုံမှုမရှိတော့ချေ။

" သား ဒီနေ့နောက်ကျလှချေလား "

ဆွေး အဝတ်အစားလဲပြီး ဆိုင်ထဲရောက်တော့ မိခင်ဖြစ်သူက လှမ်းမေးလာသည်။

" ဒီနေ့အလုပ်နည်းနည်းများနေလို့လေ "

သူက ဖြေပြီး မသိမ်းရသေးသည့်ပန်းကန်တွေကို သိမ်းလိုက်ပြီး အနောက်သို့ ယူသွားလိုက်သည်။အနောက်တွင် ညီမဖြစ်သူက ပန်းကန်ဆေးနေလေ၏။မုန့်ဟင်းရည်ကိုကြည့်လိုက်တော့ အရည်က သုံးပွဲစာလောက်သာကျန်တော့သည်။မုန့်ဖတ်ကလည်း ၎င်းလောက်ပင်။

ဆွေးမြေ့ ( Complete )Where stories live. Discover now